” သားလေးရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဘုန်းကြီးကျောင်းမှာ ပြုလုပ်ခဲ့တဲ့ ကြည်နူးစရာအလှူပုံရိပ်လေးတွေကို ဝေမျှလာတဲ့ လပြည့်ကဗျာ”

Posted on

CeleGabarပရိသတ်ကြီးရေ လပြည့်ကဗျာကတော့ပရိသတ်အချစ်တော် ရေမွန်ရဲ့ညီမလေးဖြစ်တယ်ဆိုတာ အထူးပြောစရာမလိုအောင်သိရှိကြမှာပါ။ လပြည့်ကဗျာကတော့အစ်ကိုဖြစ်သူရေမွန်ဆုံးပါးသွားပြီးတဲ့နောက်မှာ မိခင်ဖြစ်သူ အဆိုတော် ခင်မြတ်မွန်နဲ့အတူ သားလေးကိုစောင့်ရှာက်ကာနေထိုင်လျက်ရှိတာပါ။

လက်ရှိမှာလည်း မနေ့ကကျရောက်တဲ့ သားလေးရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့”ပိုပိုး ၇နှစ်ပြည့်မွေးနေ့လေးမှာအရင်တခါသွားလှူခဲ့တဲ့ တောင်ဒဂုံကရွှေညောင်ပင် ကျောင်းတိုက်လေးမှာကိုရင်လေးတွေနဲ့ ကျောင်းနားပါးနီးကကလေးလေးတွေကိုရေခဲမုန့်နဲ့ မုန့်ထုပ်လေးများ ပေးဝေခဲ့ပီးအရှင် ကေသရ နှင့် အရှင် အာစိဏ္ဏကိုနဝကမ္မဝတ္ထုနှင့် ပြူးစိန်မုန့်လေးများ ကပ်လှူခဲ့ပါတယ် 🙏မွေးနေ့ ဆုတောင်းပေးကြတဲ့တယောက်ချင်းစီတိုင်းကို ကျေးဇူးပါရှင်ကလေးတွေကျွေးဖို့အတွက် ထူးရေခဲမုန့် ကိုဦးဇင်း အာစိဏ္ဏက ပိုပိုးအတွက်လက်ဆောင်အနေနဲ့ပို့ပေးပါတယ် 😍”ဆိုတဲ့စာလေးနဲ့ ကြည်နူးစရာ သားလေးရဲ့အလှူပုံရိပ်လေးတွေမျှဝေခဲ့တာပါ။

လပြည့်ကဗျာရဲ့သားလေးပိုပိုးအတွက်မွေးနေ့ဆုမွန်ကောင်းလေးတွေတောင်းပေးပြီး အလှူကုသိုလ်အတွက်လည်းသာဓုခေါ်ခဲ့ကြပါဦးCeleGabarပရိသတ်ကြီးရေ။

Koe-CeleGabar
Source – LapyaeKabyar
ZawgyiFontဖြင့်ဖတ်ရန်





Koe-CeleGabar
Source – LapyaeKabyar