သားလေးဂျက်ဂျက်ရဲ့မွေးနေ့မှာ လူတော်ထက် လူကောင်းတစ်ယောက်ဖြစ်စေဖို့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

Posted on

ပရိသတ်ကြီးရေ နန်းမြတ်ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားခဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ နန်းမြတ်ကသာမက နန်းမြတ်ရဲ့သားသားလေးဖြစ်တဲ့ ဂျက်ဂျက်နဲ့ သမီးလေးဖြစ်တဲ့ ဂျူးဂျူးလေးတို့ကလည်း အသက်အရွယ်နဲ့မလိုက်လောက်အောင်ကို ချစ်ဖို့ကောင်းတာကြောင့် ပရိသတ်တွေရဲ့အချစ်တော်လေးဖြစ်နေခဲ့ပါသေးတယ်။

ဒီနေ့ ဧပြီလ (၁၂)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော်လေးဖြစ်တဲ့ နန်းမြတ်ရဲ့သားလေး ဂျက်ဂျက်ရဲကမွေးနေ့ရက်မြတ်ကျရောက်တဲ့နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဂျက်ဂျက်လေးကတော့ အသက် (၃)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ နန်းမြတ်ကတော့ သားသားလေးရဲ့ မွေးနေ့အတွက် “Happy birthday ပါမေ့သားကြီးဂျက်ရေ။(၃) နှစ်ပြည့်သွားတဲ့လူကြီးလေး။ ကလေးမွေးနေ့မှစကျန်းမာပျော်ရွှင်ပြည့်စုံတဲ့ဘဝကိုဖြတ်သန်းနိုင်အောင်မေမေအကောင်းဆုံးပံ့ပိုးပေးပါမယ်နော်။သိတတ်နေပီမို့စိတ်ဒဏ်ရာရမှာကိုအစိုးရိမ်ဆုံးပါ။တခါတလေဖေဖေ့ကိုမေးတတ်ပေမယ့်ပျော်ရွှင်စွာနဲ့နေ့ရက်တိုင်းကိုဖြတ်သန်းပေးနေလို့ကျေးဇူးတင်ပါတယ်သားလေးရေ။

လူတော်လေးဖြစ်ရင်လဲကောင်းပေမယ့်လူကောင်းလေးဖြစ်ဖို့ကိုတော့ပိုဦးစားပေးပေးပါ။မေ့သဲလေးအရမ်းချစ်” ဆိုပြီး မွေးနေ့အမှတ်တရရိုက်ကူးထားခဲ့ပုံလေးတွေနဲ့အတူ မွေးနေ့ဆုတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးတွေလည်း ဂျက်ဂျက်လေးရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Nann Myat Phyo Thinn
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar