” ကျောက်မျက်ရတနာနဲ့စိန်Live sale မှာ ရောင်းအားကောင်းလွန်းလို့ ဆိုင်ရှင်ဆီက တန်ဖိုးကြီးပတ္တမြားလက်စွပ် လက်ဆောင်ပေးခံခဲ့ရတဲ့ ဝေလာရီ”

Posted on

CeleGabar ပရိသတ်ကြီးရေဝေလာရီကတော့ အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုတတ်တဲ့အမျိုးသမီးအဆိုတော်တစ်ဦးဖြစ်တဲ့ လိမ္မာသီးရဲ့ ညီမအရင်းပဲ ဖြစ်ပါတယ်။ အမဖြစ်သုကအဆိုအရာမှာ ကျွမ်းကျင်သလို သူမကလည်းMRTV4ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေအားပေးဝန်းရံရတဲ့မင်းသမီးလေးတစ်လက်ပါပဲနော်။

လက်ရှိမှာတော့ အနုပညာခြေလှမ်းတွေကျဲနေပေမယ့်လည်း သူမအနေနဲ့ ကျောက်မျက်ရတနာနဲ့စိန်Live saleလေးတွေပြုလုပ်လျက်ရှိနေတာ​ပါ။ ”မနေ့က Pleasure Gems & Jewellery live တုန်းက ပုံလေးတွေ … 💖ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့လို့ ပတ္တမြား လက်စွပ်လေးဝေလာ့ကို လက်ဆောင်ပေးခဲ့တဲ့ Pleasure family ကို ကျေးဇူးအထူးပါရှင့် … 🥰💖 ”ဆိုတဲ့စာလေးနဲ့ သူမလက်ဆောင်ရရှိခဲ့တဲ့ရတနာပစ္စည်းလေးနဲ့အတူ live saleပုံရိပ်လေးတွေကိုဝေမျှခဲ့တာပါ။


အမြဲသွက်လက်ပေါ့ပါးကာ လူမှုဆက်ဆံရေးကောင်းမွန်လှတဲ့ ဝေလာရီရဲ့ live saleအောင်မြင်မှုကလည်း တကယ့်ကိုချီးကျူးစရာပါပဲနော်။CeleGabarပရိသတ်တွေထဲမှာရော ဝေလာရီရဲ့ပရိသတ်တွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Koe-CeleGabar
Soure – WaiLarRi
ZawgyiFontဖြင့်ဖတ်ရန်


 




Koe-CeleGabar
Soure – WaiLarRi