ဝန်ထမ်းတွေကို သင်္ကြန်မုန့်ဖိုးနဲ့ နှစ်သစ်ကူးလက်ဆောင်တွေ ပေးခဲ့တဲ့ မျိုးမင်းစိုး

Posted on

ပရိသတ်ကြီးရေ ဒီဇိုင်နာမျိုးမင်းစိုးကတော့ မြန်မာနိုင်ငံရဲ့ ဒီဇိုင်နာလောကမှာအောင်မြင်ကျော်ကြားတဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားသူတစ်ယောက်ဖြစ်သလို အလှူအတန်းတွေကိုလည်း ရက်ရောစွာလှူဒါန်းလေ့ရှိတာကြောင့် ပရိသတ်တွေက အချစ်ပိုနေတဲ့အပြင် ချီးကျူးရတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။

အမြဲလိုလို ကူညီလှူဒါန်းထောက်ပံ့ချင်စိတ်ရှိတဲ့ ဒီဇိုင်နာ မျိုးမင်းစိုးကတော့ အလှူရေစက်လက်နဲ့မကွာဆိုသလို အလှူအတန်းနဲ့ ကူညီထောက်ပံ့မှုတွေကို ပြုလုပ်နေခဲ့ပါတယ်။ လတ်တလောမှာလည်း သူ့ဆီမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတွေ သင်္ကြန်ပိတ်ရက် နေရပ်အသီးသီးကိုပြန်ကြတဲ့ အတွက် မျိုးမင်းစိုးကသင်္ကြန်မုန့်ဖိုး (၅)သောင်း၊ မီးဖိုချောင်သုံးပစ္စည်းတွေအပြင် ဆန်(၅)ပြည်အိတ်၊ ပဲဆီ(၁)ပိသာ၊ကြက်ဥကဒ်၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်ထုတ်၊ကြက်သွန်၊ အရောင်တင်မှူန့်၊ ဆနွင်းမှုန့်၊ ငါးရုတ်သီးခြောက် စတဲ့ စားသောက်ကုန်တွေကိုလည်း နှစ်ကူးလက်ဆောင်အနေနဲ့ ပေးခဲ့ပါတယ်။

မျိုးမင်းစိုးကတော့ သူ့ရဲ့ဝန်ထမ်းတွေက သူ့အတွက် နောက်ကွယ်ကနေ ပံ့ပိုးကူညီထောက်ပံ့ပေးခဲ့ကြတဲ့ ထောက်တိုင်တွေလည်းဖြစ်တဲ့အတွက် အခုလိုလက်ဆောင်တွေကို ပေးခဲ့တာပါတဲ့။ CeleZone ပရိသတ်ကြီးရေ မျိုးမင်းစိုးနဲ့ သူ့ရဲ့ဝန်ထမ်းတွေကတော့ တကယ်ကို ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီပါပဲနော်။

Source – Moe Min Soe
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

ဝန္ထမ္းေတြကို သၾကၤန္မုန႔္ဖိုးနဲ႔ ႏွစ္သစ္ကူးလက္ေဆာင္ေတြ ေပးခဲ့တဲ့ မ်ိဳးမင္းစိုး

ပရိသတ္ႀကီးေရ ဒီဇိုင္နာမ်ိဳးမင္းစိုးကေတာ့ ျမန္မာႏိုင္ငံရဲ႕ ဒီဇိုင္နာေလာကမွာေအာင္ျမင္ေက်ာ္ၾကားတဲ့ ဒီဇိုင္နာတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသားသူတစ္ေယာက္ျဖစ္သလို အလႉအတန္းေတြကိုလည္း ရက္ေရာစြာလႉဒါန္းေလ့ရွိတာေၾကာင့္ ပရိသတ္ေတြက အခ်စ္ပိုေနတဲ့အျပင္ ခ်ီးက်ဴးရတဲ့သူတစ္ေယာက္ဆိုလည္း မမွားပါဘူးေနာ္။

အၿမဲလိုလို ကူညီလႉဒါန္းေထာက္ပံ့ခ်င္စိတ္ရွိတဲ့ ဒီဇိုင္နာ မ်ိဳးမင္းစိုးကေတာ့ အလႉေရစက္လက္နဲ႔မကြာဆိုသလို အလႉအတန္းနဲ႔ ကူညီေထာက္ပံ့မႈေတြကို ျပဳလုပ္ေနခဲ့ပါတယ္။ လတ္တေလာမွာလည္း သူ႔ဆီမွာ အလုပ္လုပ္တဲ့ဝန္ထမ္းေတြ သၾကၤန္ပိတ္ရက္ ေနရပ္အသီးသီးကိုျပန္ၾကတဲ့ အတြက္ မ်ိဳးမင္းစိုးကသၾကၤန္မုန႔္ဖိုး (၅)ေသာင္း၊ မီးဖိုေခ်ာင္သုံးပစၥည္းေတြအျပင္ ဆန္(၅)ျပည္အိတ္၊ ပဲဆီ(၁)ပိသာ၊ၾကက္ဥကဒ္၊ ငါးေသတၱာ၊ ေခါက္ဆြဲေျခာက္ထုတ္၊ၾကက္သြန္၊ အေရာင္တင္မႉန႔္၊ ဆႏြင္းမႈန႔္၊ ငါး႐ုတ္သီးေျခာက္ စတဲ့ စားေသာက္ကုန္ေတြကိုလည္း နွစ္ကူးလက္ေဆာင္အေနနဲ႕ ေပးခဲ့ပါတယ္။

မ်ိဳးမင္းစိုးကေတာ့ သူ႕ရဲ႕ဝန္ထမ္းေတြက သူ႕အတြက္ ေနာက္ကြယ္ကေန ပံ့ပိုးကူညီေထာက္ပံ့ေပးခဲ့ၾကတဲ့ ေထာက္တိုင္ေတြလည္းျဖစ္တဲ့အတြက္ အခုလိုလက္ေဆာင္ေတြကို ေပးခဲ့တာပါတဲ့။ CeleZone ပရိသတ္ၾကီးေရ မ်ိဳးမင္းစိုးနဲ႕ သူ႕ရဲ႕ဝန္ထမ္းေတြကေတာ့ တကယ္ကို ကိုင္းက်ြန္းမွီ၊က်ြန္းကိုင္းမွီပါပဲေနာ္။

Source – Moe Min Soe
Chilli – CeleGabar