မြင်ဆရာတစ်ယောက်ဖြစ်တဲ့ ဦးကျော်ဟိန်းကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်းစာလေးရေးသားခဲ့တဲ့ သံသာမိုးသိမ့်

ဒီနေ့မနက် ဇူလိုင်လ (၁၁) ရက်နေ့မှာ နိုင်ငံကျော်မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ ဦးကျော်ဟိန်းတစ်ယောက် ဘဝတစ်ပါးကို ကူးပြောင်းကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ် ။ အနုပညာရှင် အသိုင်းအဝိုင်းနဲ့ ပရိသတ်တွေအားလုံးဟာ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲခဲ့ရတဲ့ နေ့တစ်နေ့လို့တောင်ဆိုရမှာ ပါ ။ ပညာသားပါလွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် အနုပညာရှင်တော်တော်များများရဲ့ စံထားရတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်ခဲ့တာပါ ။

ဦးကျော်ဟိန်း ကွယ်လွန်သွားတဲ့ ဝမ်းနည်းကြောင်းစာတွေ ကိုအ နုပညာရှင်တော်တော်များများက သူတို့ ဖေ့ဘုတ်စ်စာမျက်နှာထက်မှာ ရေးသားခဲ့ကြပါတယ် ။ MRTV-4 မင်းသမီးလေးဖြစ်တဲ့ သံသာမိုးသိမ့်ကလည်း ကျွန်မအတွက်တော့.. ဦးကျော်ဟိန်းက မျက်လုံးဆိုတာ.. စိတ်ရဲ့ပြတင်းပေါက်ဆိုတဲ့ အဓိပ္ပာယ်ကို သင်ပြပေးခဲ့တဲ့ အနုပညာရှင်စစ်စစ်မြင်ဆရာတစ်ယောက်ပါ.. ကောင်းရာဘုံဘဝရောက်ရှိစံစားနိုင်ပါစေ လို့ သူမရဲ့ဖေ့ဘုတ်စ်စာမျက်နှာထက်မှာ ရေးသားခဲ့ပါတယ် ။

(၂၀၁၇) ဖေဖော်ဝါရီလကတည်းက နှလုံးသွေးကြောအားလုံးပိတ်ပြီး Heart Attack ရခဲ့တဲ့အပြင် လေဖြတ်သွားတဲ့အတွက် ဆေးရုံတက်ပြီးဆေး ကုသမှုခံယူခဲ့ရတဲ့ ဦးကျော်ဟိန်းဟာ ဒီမနက် မှာတော့ သြစတျေးလျနိုင်ငံမှာပဲ ဘဝတစ်ပါးကို ကွယ်လွန်ကူးပြောင်းသွားခဲ့တာပဲဖြစ်ပါတယ် ။ ဦးကျော်ဟိန်းတစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာအနားယူနိုင်ပါစေလို့ Cele Gabar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Than Thar Moe Theint
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x