“ချစ်ခင်ပွန်းရဲ့မွေးနေ့ရက်မြတ်မှာ ဘဝအတွက်အရေးကြီးအရာလေးကို နှစ်ယောက်အတူပြုလုပ်ကြဖို့ ကတိစကားလေးပြောကြားလိုက်တဲ့ အေးချမ်းမိုး”

Posted on

CeleGabar ပရိသတ်ကြီးရေ အေးချမ်းမိုးကတော့ Miss Universe Myanmarရဲ့ first Runner Up ဆုကိုရရှိပိုင်ဆိုင်ခဲ့တဲ့အပြင် Miss Grand Myanmar 2017ရဲ့သရဖူကို ပြောင်းလဲ ပေးအပ်ခံခဲ့ရတဲ့ အလှမယ်တစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်းအစီအစဉ်တင်ဆက်သူ တစ်ယောက်အဖြစ်ရပ်တည်နေသူပါ။


ပညာရေးမှာလည်း ထူးချွန်ခဲ့တဲ့သူမကတော့ ဆရာဝန်တစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာပိုင်းကို ဝါသနာပိုအားသန်တဲ့အတွက်ဆရာဝန်အလုပ်ကိုစွန့်လွှတ်ကာ အလှမယ်တစ်ယောက်ဖြစ်လာခဲ့တာပါ။မကြာသေးမီက လက်ထပ်ထိမ်းမြှားခဲ့ပြီးပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးကိုတည်ဆောက်ထားနိုင်တဲ့သူပါ။

ဒီနေ့ကျရောက်တဲ့ဧပြီလ၁၂ရက်နေ့ကတော့သူမရဲ့ချစ်ခင်ပွန်းရဲ့မွေးမေ့ရက်မြတ်လေးဖြစ်ပြီး”Happy Birthday ချစ်ရပါ​သော ​ယောက်ျား 😘🥰ဆု​တောင်းတာထက် လက်​တွေ့က ပိုအ​ရေးကြီးတာမို့…​ရှေ့ဆက်ပြီး နှစ်​ယောက်အတူ ပိုမို​ကောင်းမွန်တဲ့ အနာဂတ်ကို ပုံ​ဖော်ထုဆစ်ကြမယ်​နော် ❤️ဖြစ်ချင်တာ​တွေ အမြန်ဆုံး ဖြစ်ပါ​​စေလို့ 😜😉”ဆိုတဲ့စာလေးနဲ့မွေးနေ့ဆုတောင်းပေးခဲ့တာပါ။ CeleGabarပရိသတ်တွေလည်း ချမ်းမိုးလေးရဲ့ခင်ပွန်းအတွက်မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်။

Koe- CeleGabar
Source- AyeChanMoe
ZawgyiFontဖြင့်ဖတ်ရန်





Koe- CeleGabar
Source- AyeChanMoe