ဖခင်ကြီးနဲ့ ခင်ပွန်းကို ရည်စူးပြီး ခင်ပွန်း ပြုလုပ်ချင်ခဲ့တဲ့ ရဟန်းခံရှင်ပြုအလှူလေး ပြုလုပ်ခဲ့တဲ့ ငွေတီဦး

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ သရုပ်ဆောင် ပြေတီဦးရဲ့ ညီမဖြစ်သူ ငွေတီဦးကတော့ ဒီနေ့မှာ ဖခင်ကြီးနဲ့ ခင်ပွန်းဖြစ်သူအတွက် ရည်စူးပြီး မွန်မြတ်လှတဲ့ အလှူတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူကတော့ ရဟန်းခံရှင်ပြုအလှူဖြစ်ပြီး ခင်ပွန်းဖြစ်သူရှိစဉ်ကတည်းက ပြုလုပ်ချင်ခဲ့တဲ့ အလှူလေးတစ်ခုပဲဖြစ်ပါတယ်တဲ့။

အလှူလေးပြုလုပ်ခဲ့တဲ့အကြောင်းကိုလည်း ငွေတီဦးက “သင်္ကြန်အကြို ရဟန်းခံရှင်ပြုအလှု ပြုလုပ်ချင်နေတဲ့ ဆန္ဒတစ်ခု ဒီနေ့တော့ အောင်မြင်သွားပါပြီ။ ကိုကို ဆန္ဒရှိခဲ့တဲ့ အလှူတွေ လုပ်ပေးခွင့်ရတဲ့အတွက် ဝမ်းသာရပါတယ်” ဆိုပြီးအလှူရဲ့ ပီတိတွေကို မျှဝေထားခဲ့ပါတယ်။ ဒါ့အပြင် သီလရှင်ကျောင်းအတွက် သောက်ရေကန်နဲ့ ဖေဖေ့အတွက်ရည်စူးတဲ့ ကြမ်းခင်းကြွေပြားအလှူတို့ကိုလည်းပြုလုပ်ခဲ့ပါသေးတယ်တဲ့။

ကလေးမီးမဖွားနိုင်တဲ့ မိခင်လောင်းတွေအတွက်လည်း လှူဒါန်းပေးခဲ့ပြီး အလှူလေးတွေကို ပြုလုပ်နိုင်ခဲ့တဲ့ အပေါ် ဝမ်းသာပီတိတွေဖြစ်စွာနဲ့ ကုသိုလ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ငွေတီဦးရဲ့ အလှူလေးကို သာဓု ခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Ngwe Ou
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Ngwe Ou
Chilli – CeleGabar