” ​မြန်မာနှစ်သစ်ဖြစ်တဲ့နှစ်ဆန်းတစ်ရက်နေ့မှာ မင်္ဂလာရှိတဲ့ နှစ်သစ်အခါသမယဖြစ်စေဖို့ ဆုမွန်ကောင်းတောင်းပေးလာတဲ့ ဝတ်မှုံရွှေရည်”
Posted on
CeleGabarပရိသတ်ကြီးရေ မနှစ်ကဖေ​ေဖာ်ဝါရီလကစတင်ပြီးအနုပညာအလုပ်တွေရပ်နားခဲ့တဲ့မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ မကြာ​သေးခင်ကစတင်ကာ ပရိသတ်ရှေ့ကို သူမရဲ့နေ့စဥ်လှုပ်ရှားမှုတွေနဲ့ ပြန်လည်ထိတွေ့ခဲ့တာပါ။အမြဲရှင်းသန့်ကျော့ရှင်းကာ အရုပ်လေးတစ်ရုပ်လိုအမြဲလှပနေတဲ့ ဝတ်မှုံရွှေရည်ကို ချစ်ပရိသတ်တွေကချစ်စနိုးနဲ့ရွှေကစ်လို့လည်းခေါ်ကြပါသေးတယ်။
ရွှေကစ်ကတော့ဒီနေ့ကျရောက်တဲ့နှစ်ဆန်းတစ်ရက်နေ့မှာ” မင်္ဂလာရှိတဲ့ နှစ်သစ် အခါသမယ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 🙏🏻💛”ဆိုတဲ့စာလေးကို ကျက်သရေရှိလှတဲ့သူမပုံလေးတွေအတူ တင်ကာ ချစ်တဲ့ပရိသတ်တွေအတွက်ဆုမွန်ကောင်းတောင်းပေးခဲ့တာပါ။
သူမရဲ့လှုပ်ရှားမှုတွေကို မျှော်လင့်စောင့်စားနေတဲ့ပရိသတ်တွေအတွက်ကတော့ သူမရဲ့အလှပုံလေးတွေကို သဘောကျတဲ့မှတ်ချက်လေးတွေပေးခဲ့ကြတာပါ။ CeleGabarပရိသတ်တွေလည်းနှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ကြပါစေလို့CeleGabarမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Koe- CeleGabar
Source- WuttHmoneShweYi
ZawgyiFontဖြင့်ဖတ်ရန်
Koe- CeleGabar