Cele Gabar ပရိသတ်ကြီးကို အခုဖော်ပြပေးမှာကတော့ ဇူလိုင်လ (၁၁) ရက်နေ့မှာ ကွယ်လွန်သွားကြတဲ့ နာမည်ကြီး ဒိတ်ဒိတ်ကြဲမင်းသား တွေရဲ့အကြောင်းပဲဖြစ်ပါတယ် ။ တိုက်ဆိုင်စွာပဲ ဇူလိုင်လမှာကွယ်လွန်ခဲ့တဲ့ မင်းသား (၃) ဦးရှိပါတယ် ။ သူတို့ကတော့ ပြေငြိမ်း ၊ ဒွေး ( ကိုသားကြီး ) နဲ့ ကျော်ဟိန်းတို့ပဲဖြစ်ပါတယ် ။
လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၈) နှစ်ကျော်က မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့ပြီး အဲ့ဒီခေတ်အခါက မိန်းကလေး ပရိသတ်တွေ အသည်းစွဲ ကြိုက်ရတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ပြေငြိမ်းဟာ (၁၉၉၀) ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ် ။ ယနေ့ခေတ်ကလေးတွေ မသိလိုက်ပေမယ့်လည်း သူ့ခေတ်သူ့အခါကတော့ တော်တော်လေးကို လူကြိုက်များအောင်မြင်ခဲ့တဲ့ မင်းသားတစ်ယောက်ပဲဖြစ်ပါတယ် ။
ပရိသတ်တွေရဲ့ ရင်ထဲမှာ ယနေ့တိုင် ရှိနေဆဲပဲဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီဒွေး ကလည်း ဇူလိုင်လ ၁၁ ရက်နေ့မှာပဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ် ။ ဒွေး ( ကိုသားကြီး ) ဟာ ၂၀၀၇ ခုနှစ် ဇူလိုင် လ ၁၁ ရက်နေ့မှာ ရန်ကင်းမြို့နယ် ဘောက်ထော်မှာရှိတဲ့ နေအိမ်မှာပဲ အိပ်ပျော်နေစဉ် နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပြီး အနုပညာ လုပ်ငန်းများစွာ လုပ်ဆောင်လက်စ အနေအထားနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ် ။
သဘာဝကျတဲ့ သရုပ်ဆောင်မင်းသားကြီး ဖြစ်ပြီး အနုပညာရှင်အားလုံးကလေးစားပြီး စံထားရတဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ဦးကျော်ဟိန်းကတော့ (၂၀၁၇) ဖေဖော်ဝါရီလမှာထဲက နှလုံးသွေးကြောအားလုံးပိတ်ပြီး Heart Attack ရခဲ့တဲ့အပြင် လေးဖြတ်သွားတဲ့အတွက် ဆေးရုံတက်ပြီး ကုသမှုတွေခံယူခဲ့ရပြီး ဇူလိုင်လ (၁၁) ရက်နေ့ (၂၀၂၀) ခုနှစ် အသက် (၇၄) နှစ်မှာ သြစတျေးလျနိုင်ငံမှာပဲ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ် ။
အခုလို အရမ်းကိုအောင်မြင်ပြီး ပရိသတ်တွေ ချစ်ရတဲ့ အနုပညာလောက ကို တစ်ခေတ်သစ်စေခဲ့တဲ့ အနုပညာရှင်တွေ ကွယ်လွန်သွားတာဟာ အနုပညာလောကအတွက် တကယ့်ကို ဆုံးရှုံးမှုကြီးတစ်ခုပါပဲ ပရိသတ်ကြီးရေ ..။
Emily (Cele Gabar)