” သင်္ကြန်တွင်း ၇ရက်တရားစခန်းဝင်ကာ အာရုံဆွမ်း ၊နေ့ဆွမ်း ၊ ဆွမ်းစားဆောင် ဆောက်ရန်အတွက် မြေနေရာ လှူဒါန်းရခြင်း နဲ့ ဝေယျာဝစ္စ ကုသိုလ် အစုစုတို့ကို မျှဝေလာတဲ့ ခင်ဝင့်ဝါ”

Posted on

CeleGabarပရိသတ်ကြီးရေ ခင်ဝင့်ဝါကတော့ ပရိသတ်အချစ်တော် အလှမယ် သရုပ်ဆောင်မင့းသမီးတစ်လက်ပါ။ပုဒ်မ ၅၀၅ နဲ့ စွဲဆိုခံရပြီးနောက်ခံဝန်ထိုးကာ ပရိသတိတွေရှေ့ပြန်လည်ရောက်ရှိလာတဲ့ ခေးကတော့ ခုနောက်ပိုင်းphoto shooting တွေရိုက်ကူးလျက်ရှိတာပါ။

မြန်မာနှစ်ကူးအတာသင်္ကြန်အချိန်မှာတော့ တရားစခန်းဝင်ကာ ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ကြောင်းကို””ကောင်းမှုတစ်ခုနေ့စဉ်ပြု”၉/၄/၂၂ မှစပြီး ယနေ့ အထိ ပြုပြုသမျှ ကုသိုလ် အာရုံဆွမ်း / နေ့ဆွမ်း / ဆွမ်းစားဆောင် ဆောက်ရန်အတွက် မြေနေရာ လှူဒါန်းရခြင်း နဲ့ ဝေယျာဝစ္စ ကုသိုလ် အစုစုတို့ကို မျှဝေ သာဓု ခေါ်ပါ​၏။ 🙏🏻နှစ်သစ်နေ့ရက် မှ စလို့ (၇) ရက်သားသမီး အားလုံးမျှော်လင့်တဲ့ စစ်မှန်တဲ့ ပျော်ရွှင်စရာနေ့ရက်တွေ အလျင်အမြန်ဆုံးရရှိပါစေ🙏🏻”ဆိုတဲ့စာလေးနဲ့ သူမရဲ့ တရားစခန်းဝင်ခဲ့စဥ်ကပုံရိပ်တွေကိုဝေမျှခဲ့တာပါ။

ခေးရဲ့ပရိသတ်တွေလည်း မျှဝေပေးတဲ့ကုသိုလ်တွေရရှိဖို့ သာဓုခေါ်မုဒိတာပွားခဲ့ကြပါဦးနော်။CeleGabarစာဖတ်ပရိသတ်တွေလည်း မြန်မာ့နှစ်ကူးမှာ ဘယ်လိုကုသိုလ်ကောင်းမှုတွပြုလုပ်ခဲ့ကြလဲဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Koe-CeleGabar
Source – KhinWintWah
ZawgyiFontဖြင့်ဖတ်ရန်





Koe-CeleGabar
Source – KhinWintWah