” သူမအနေနဲ့အသက်၃၁နှစ်မှာ ရဟန်းအမ ကျောင်းအမဖြစ်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း ရင်ဖွင့်ပြောပြလာတဲ့ ဘေဘီမောင် ”

Posted on

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်ရင်သွေးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့”မနှစ်ကနှစ်ဆန်းတစ်ရက်နေ့က ၇မိုင်၆ဖာလုံ ရတနာအောင်မြေကျောင်းတိုက်မှာသီတင်းသုံးတဲ့နေထိုင်တဲ့ဆရာတော်ဒေါက်တာအရှင်အဂ္ဂဇေယျအား သိက္ခာထပ်အလှူလေးပါရှင့်🙏🏻ရဟန်းအမအဖြစ်သိက္ခာထပ်လက်ခံပေးတဲ့ဆရာတော်ကိုလည်းကျေးဇူးပါတယ်ဘုရား🙏🏻

ရှေ့လ၃လပိုင်းမ​ှာ၂၂မိုင်ပြင်ဦးလွင်မေပါရမီကျောင်းမှာကျောင်းဆောက်လှူခွင့်ရတဲ့အတွက်လည်းဝမ်းသာပီတိဖြစ်ရပါတယ်🙏🏻🥰အသက်၃၁မှာရဟန်းအမ ကျောင်းအမဖြစ်ရတဲ့အတွက်လည်းဝမ်းသာဂုဏ်ယူပိတီဖြစ်ရပါတယ်ရှင့်🙏🏻ဘေဘီပြုတဲ့ကုသိုလ်များလည်းအားလုံးနဲ့တူတူထပ်တူရကြပါစေရှင့်🙏🏻🙏🏻🙏🏻”ဆိုတဲ့စာလေးနဲ့ သူမလှူဒါန်းခဲ့ဖူးတဲ့ကုသိုလ်အဝဝကို နှစ်ဆန်းတစ်ရက်နေ့မှာ သဒ္ဓါတရားပီတိပွားကာ ပုံလေးတွေကိုပြန်လည်တင်လာခဲ့တာပါ။ CeleGabarပရိသတ်တွေလည်း ဘေဘီမောင်ရဲ့ အလှူအတန်းရက်ရောလှတဲစိတ်ဓာတ်လေးကိုချီးကျူးမိရင် တစ်ခုခုမှတ်ချက်ပေးခဲ့ပါဦးနော်။

Koe- CeleGabar
Source- ThandarZaw
ZawgyiFont ဖြင့်ဖတ်ရန်


တော်ရုံသဒ္ဓါတရားနဲ့တော့ဘယ်ဖြစ်ပါ့မလဲနော်…..😍😍




Koe- CeleGabar
Source- ThandarZaw