ရွှန်းရွှန်းလေးအတွက် တစ်ရက်တာပျော်စရာအချိန်တွေဖန်တီးပေးတဲ့ မေမေခိုင်နှင်းဝေ

Posted on

ပရိသတ်ရဲ့အချစ်တော်ပရဟိတမင်းသမီးတစ်လက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို တည်ထောင်ထားပြီး သမီးအရင်းလေးလိုချစ်ခင်ရတဲ့ ရွှန်းရွှန်းလေးနဲ့လည်း ပျော်စရာမိသားစုဘဝလေးကို တည်ဆောက်ထားသူပါ။ သားအမိရင်းတွေလို့ ထင်ရလောက်အောင် မျက်နှာချင်းဆင်တဲ့အပြင် သွက်လက်လွန်းတဲ့ရွှန်းရွှန်းလေးကိုတော့ ပရိသတ်ကြီးလည်း အချစ်ပိုနေမှာအမှန်ပါပဲ။

မကြာခဏဆိုသလို ရွှန်းရွှန်းနဲ့ ပုံရိပ်လေးတွေ တနေ့တာအကြောင်းအရာလေးတွေ မျှဝေပေးလေ့ရှိတဲ့ ခိုင်နှင်းဝေကတော့ ကိုဗစ်ကာလစတင်ကတည်းက ပရဟိတအလုပ်တွေနဲ့လည်း ရှုပ်နေတဲ့အပြင် အပြင်ထွက်လို့မရတဲ့ကာလလည်း ဖြစ်တာကြောင့် ရွှန်းရွှန်းလေးကို အပြင်မပို့ပေးဖြစ်ခဲ့ပေမယ့် ဒီနေ့မှာတော့ သမီးလေးအတွက် ပျော်စရာအချိန်တွေကို ဖန်တီးပေးဖြစ်ခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ….

သမီးလေးနဲ့ ကစားကွင်းသွား၊ မုန့်စား၊ သမီးလေးအတွက် ရေခဲမုန့်ဝယ်ကျွေးခဲ့ပြီး အပြင်ထွက်ရတာပျော်လွန်းလို့ အိမ်တောင်မပြန်ချင်တော့ဘူးဆိုတဲ့ ရွှန်းရွှန်းလေးအကြောင်းကိုလည်း ပရိသတ်တွေကို ဖောက်သည်ချခဲ့ပါသေးတယ်။ ချစ်ရသူတွေနဲ့ တစ်နေ့တာပျော်ရွှင်စရာလေး ဖန်တီးခဲ့တဲ့ ခိုင်နှင်းဝေနဲ့ ရွှန်းရွှန်းလေးရဲ့ ပုံရိပ်လေးတွေကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – Khine Hnin Wai
Rainbow- Cele Gabar