ဖခင်ကြီးရဲ့ မွေးနေ့မှာ Surpriseလုပ်ကာ ချစ်သူလေးကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ နေရဲ
Posted on
CeleGabar ပရိသတ်ကြီးရေ နေရဲကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော်ကြီးဖြစ်တဲ့ ဦးခင်လှိုင်ရဲ့ သားချောလေးပဲဖြစ်ပါတယ်။ နေရဲကိုယ်တိုင်လည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေခဲ့ပြီး ပရိသတ်အခိုင်အမာရရှိထားခဲ့တဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်နေခဲ့ပါပြီ။
နေရဲကတော့ မနေ့က ဧပြီလ (၁၇)ရက်နေ့ဖခင်ကြီးရဲ့ မွေးနေ့ရက်မြတ်လေးမှာ သူ့ရဲ့ချစ်သူလေးကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ် ပရိသတ်ကြီးရေ။ နေရဲကတော့ ဒီနေ့လေးကတော့ သူ့ရဲ့အမှတ်အရဆုံးနေ့ရက်လေးဖြစ်တဲ့ အပြင် သူအရောက်ချင်ဆုံးနေ့လေးဖြစ်တယ်လို့လည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ချစ်သူလေးကို Surprise လုပ်ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ ဗီဒိယိုလေးကိုပါ မျှဝေဖော်ပြထားခဲ့ပါတယ်။
နွေးထွေးပြီး မိသားစုဝင်တွေအပေါ်မှာကြင်နာမှုအပြည့်ရှိလှတဲ့ ခင်လှိုင်တို့ မိသားစုလေးကတော့ သားဖြစ်သူရဲ့ လက်ထပ်ခွင့်တောင်းတဲ့ ပွဲလေးမှာ ဝိုင်းဝန်းပါရမီဖြည့်ပေးကြရင်း ချွေးမအသစ်စက်စက်လေးကို ဝမ်းပန်းတသာနဲ့ကို ကြိုဆိုခဲ့ကြပုံကိုတော့ ဗီဒိယိုလေးထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ နေရဲတို့စုံတွဲလေးအတွက် ဂုဏ်ပြုစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။
Source – Nay Ye
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-
Source – Nay Ye
Chilli – CeleGabar