နှစ်ဦးကုသိုလ်အနေနဲ့ ဟော်တယ်အသစ်ကြီးမှာ နေ့ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ စမိုင်းလ်

Posted on

ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ အလှူအတန်းတွေကို ရက်ရောစွာနဲ့ကို လှူဒါန်းလေ့ရှိတာကြောင့် ပရိသတ်တွေက ပိုလို့တောင်အချစ်ပိုနေရတဲ့သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။

မနေ့က မြန်မာနှစ်သစ်ကူးခြင်းနှစ်ဆန်း(၁)ရက်ဖြစ်တဲ့ရက်မြတ်အချိန်ခါလေးမှာလည်း စမိုင်းလ်က မွန်မြတ်လှတဲ့ အလှူဒါနလေးတွေကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ သံဃာတော်များအားပင့်ဖိတ်ပြီး ဘုရားအနေကဇာတင်ခြင်း နေ့ဆွမ်းဆပ်ကပ် ပရိတ်တရားနာခြင်းများပြုလုပ်ခဲ့တဲ့ အလှူလေးဖြစ်ပြီး မကြာသေးခင်က ဖွင့်လှစ်ခဲ့တဲ့ သူ့ရဲ့ဟော်တယ်ကြီးမှာ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

စမိုင်းလ်ကတော့ အလှူမှတ်တမ်းပုံလေးတွေကိုလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း ပြန်လည်မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီး စမိုင်းလ်တို့ မိသားစုရဲ့ နှစ်ဦးမွန်မြတ်လှတဲ့ အလှူလေးကို ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – စမိုင်းလ် Smile
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar