သင်္ကြန်ရက်တွေမှာ ဝေယျာဝစ္စကုသိုလ်၊ သီလဘာဝနာကုသိုလ်တွေ ပွားများခဲ့တဲ့ မေတိုးခိုင်

Posted on

ပရိသတ်ကြီးရေ မေတိုးခိုင်ကတော့ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ရဲ့ တူမလေးဖြစ်သလို ကိုယ်တိုင်လည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး ပရိသတ်အချစ်တော်လေးတစ်ယောက်ဖြစ်နေခဲ့ပါသေးတယ်။ မေတိုးခိုင်ကတော့ အသက်ငယ်ပေမဲ့ ဘုရားတရားကိုင်ရှိုင်းပြီ လူကြီးသူမကို သိတတ်သူလည်းဖြစ်ပါတယ်။

မေတိုးခိုင်ကတော့ ပြီးခဲ့တဲ့ သင်္ကြန်ရက်တွေမှာ အပျော်အပါးတွေမလုပ်ဘဲ ကောင်းမှုကုသိုလ်တွေသာပြုလုပ်ပြီး ဖြတ်သန်းခဲ့ပါတယ်။ ကုသိုလ်တွေပြုလုပ်ခဲ့ပြီး ကုသိုလ်တွေရဲ့ အဖို့ဘာဝတွေကိုလည်း “တဒင်္ဂထဲကတစ်ခဏကုသိုလ်လေး”သင်္ကြန်အတွင်းဓမ္မရဝေတောရကျောင်းမှာဝေယျာဝစ္စကုသိုလ်၊ နေ့စဉ်ဆောက်တည်တဲ့သီလဘာဝနာကုသိုလ် အစုစုတို့ကိုခုနှစ်ရက်သားသမီးအားလုံးတို့ကိုအမျှပေးဝေပါတယ် ဆိုပြီး မျှဝေထားခဲ့ပါတယ်။

ပရိသတ်တွေကတော့ မေတိုးခိုင်ရဲ့ အသက်ငယ်ငယ်နဲ့ ကောင်းမှုတွေကို ပြုလုပ်တတ်တဲ့ ဘာသာရေးကိုင်းရှိုင်းမှုကို ချီးကျူးနေခဲ့ကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း မေတိုးခိုင်မျှဝေခဲ့တဲ့ ကုသိုလ်တွေကို ထပ်တူရရှိစေဖို့ သာဓုတွေခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – May Toe Khine – မေတိုးခိုင်
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar