” ရိုက်လိုက်နားလိုက်နဲ့ ၂ နှစ်ကျော် နီးပါးရိုက်ခဲ့ရတဲ့သရဖူဇာတ်လမ်းတွဲမှာ Special Guest အနေနဲ့ပါဝင်အားဖြည့်ထားတယ်ဆိုတဲ့ နန်းစန္ဒာလှထွန်း”

Posted on

CeleGabar ပရိသတ်ကြီး​ရေနန်းစန္ဒာလှထွန်းကတော့ MRTV -4မှာ ပြသခဲ့တဲ့ ” ပဉ္စလက်ရွာ”ဇာတ်လမ်းတွဲမှာရေဝတီဆိုတဲ့ကာရိုက်တာလေးနဲ့ ပရိသတ်ရင်ထဲ အရင်ဆုံးရောက်ရှိခဲ့သူလေးပါ။ ပရိသတ်တွေတခဲနက်အားပေးခဲ့ရတဲ့ အရိပ်ဇာတ်လမ်းတွဲမှာလည်း နာစ့်မဆရာမလေး ”သက်သက်”အနေနဲ့ ပုရိသ ပရိသတ်တွေ တဖြုတ်ဖြုတ်ကြွေခဲ့ရသူလေးပါ။

နန်းစန္ဒာလှထွန်းကတော့ ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲတိုင်းမှာလည်း အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ ဇာတ်လမ်းတွဲမင်းသမီးစစ်စစ်တစ်လက်ဖြစ်တာကြောင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝါရင့်အနုပညာရှင်တွေကတောင်ချီးကျုးရတဲ့အထိပါပဲနော်။ဒါ့အပြင်စီနီယာအနုပညာမောင်နှမတွေအပေါ် ရိုသေလေးစားကာ အမြဲရင်းနှီဖော်ရွေတတ်တဲ့မင်းသမီးတစ်လက်
ပါ။

လက်ရှိမှာလည်းဧပြီလ၂၀ရက်နေ့မှာပြသတော့မယ့် သရဖူဇာတ်လမ်းတွဲမှာ ပါဝင်ထားကြောင်းကို”
ရိုက်လိုက်နားလိုက်နဲ့ ၂ နှစ်ကျော် နီးပါးရိုက်ခဲ့ရတဲ့ ဇာတ်လမ်းလေး … သီချင်းလေးလည်းနားထဲစွဲလို့ ရင်တွေလည်းခုန်နေပြီလို့ 🤩🥰 ကိုယ်အရမ်းကြိုက်တဲ့ ဒီဇာတ်လမ်းတွဲလေးထဲမှာ Special Guest အနေနဲ့ပါဝင်အားဖြည့်ထားပါတယ်လို့ 😘”ဆိုတဲ့စာလေးနဲ့ ပြောပြခဲ့တာပါ။ CeleGabarပရိသတ်တွေလည်းတကယ့်ကို နာမည်ကြီဇာတ်လမ်းတွဲမင်းသမီးနှစ်လက်ဖြစ်တဲ့ရေဝတီဇာတ်ကားထဲက ခြူးလေးနဲ့ နန်းစန္ဒါလှထွန်းတို့ထပ်မံတွေ့ဆုံမယ့် သရဖူဇာတ်လမ်းတွဲလေးကိုအားပေးဖို့အသင့်ပဲလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။

Koe-CeleGabar
Soure -NanSandarHlaHtun
ZawgyiFontဖြင့်ဖတ်ရန်


ပါ။


Koe-CeleGabar