ကန်တော်ကြီးကို ပထမဆုံးရောက်ဖူးတဲ့တောသားလေးပါ ဆိုတဲ့ တန်ခွန်ကျော်

Posted on

တန်ခွန်ကျော်ကတော့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိလာခဲ့သူတစ်ယောက်ပါ။ နာဂတိုင်းရင်းသားလေးတစ်ယောက်ဖြစ်တဲ့ တန်ခွန်ကျော်ကတော့ လတ်တလော အနုပညာအလုပ်တွေ လွယ်လင့်တကူလုပ်နိုင်ဖို့အတွက် ပြိုင်ပွဲကြီးပြီးကတည်းက ရန်ကုန်မှာနေထိုင်နေပေမယ့်လည်း ကန်တော်ကြီးကို မရောက်ဖူးသေးတဲ့အကြောင်း မျှဝေလာပါတယ်။

ရန်ကုန်မှာနေတဲ့သူတွေအဖို့ ရန်ကုန်အမျိုးသားကန်တော်ကြီးဥယျာဉ်ကို မရောက်ဖူးသူမရှိလောက်ပေမယ့် တန်ခွန်ကျော်ကတော့ ဒီနေ့မှရောက်ဖူးတာဖြစ်ပြီး သူ့ရဲ့ပထမဆုံးအတွေ့အကြုံကို “ဒီနေရာကိုလူတိုင်းနီးပါးရောက်ဖူးကြပေမယ့် တောသားလေးတယောက်အတွက် ပထမဦးဆုံးရောက်ဖူးခြင်းမို့ အမှတ်တရသိမ်းလိုက်သည် ” ဆိုပြီး ကရဝိတ်နောက်ခံရိုက်ကူးထားတဲ့ သူ့ရဲ့ပုံရိပ်လေးကို မျှဝေခဲ့ပါတယ်။

ပရိသတ်ကြီးရေ ပြိုင်ပွဲပြီးကတည်းက ရန်ကုန်မှာ လပေါင်းများစွာရှိနေတဲ့တန်ခွန်ကျော်ကတော့ ကိုဗစ်ကြောင့် လအနည်းငယ်အများပြည်သူနေရာတွေ ပိတ်ထားတာနဲ့ကြုံခဲ့ရပြီး ဒီနေ့မှ ရန်ကုန်ကန်တော်ကြီးမြေကို ခြေချခွင့်ရခဲ့ပါတယ်တဲ့။ တောသားလေးတစ်ယောက်အတွက်တော့ ပထမဆုံးရောက်ဖူးခြင်းမို့ ဖေ့ဘွတ်ခ်မှာ သူ့ရဲ့ပုံလေးကို အမှတ်တရသိမ်းထားပါမယ်ဆိုပြီး အရွှန်းဖောက်မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။


Source – Tan Khun Kyaw
Rainbow- Cele Gabar