“စိတ်ကျန်းမာရေး မကောင်းတဲ့သားကို ဖရဲသီးရောင်းကာရှာကျွေးနေတဲ့ အသက်၇၀အရွယ်အဘွားအိုကို တစ်သိန်းကျပ်လှူဒါန်းခဲ့တဲ့လူရွှင်တော်မိုးစက်”

Posted on

CeleGabarပရိသတ်ကြီးရေ မိုးစက်ကတော့ သက်ကြီးရွယ်အိုတွေ ကိုယ်တိုင်ရှာဖွေစားသောက်နေရကာခက်ခဲနေတဲ့ သူတွေကိုအဓိကထားကာ ကူညီပံ့ပိုးလျက်ရှိတဲ့ အနုပညာရှင်တစ်လက်ပါ။ သူ့ရဲ့ကူညီထောက်ပံ့မှုတွေဟာပရိသတ်တွေရင်ထဲကိုရောက်ရှိကာ ကြည်နူးပီတိဖြစ်ကြရတာအမှန်ပါပဲနော်။

လက်ရှိမှာလည်း” “အဖွားတစ်ယောက်ထဲ ရုန်းကန်ရတာပေါ့သားကတော့ မြင်တဲ့ အတိုင်းဘဲ စိတ်ကျန်းမာရေး မကောင်းဘူး ..”ဟုတ်ကဲ့ အဖွား..၊သားလဲ အဖွားရဲ့ ယိုင်နဲ့နေတဲ့ အိမ်လေးပါမြင်တော့စိတ်မကောင်းပါဘူးဗျာ…သား ဖရဲသီး အားပေးမယ်နော်…”“ဟုတ်ကဲ့ပါ သား တစ်စိတ်ကို ၁၀၀ ပါ …”

“ကဲ အားလုံးဝယ်လိုက်မယ်ဗျာ…ဒါနဲ့ အဖွား နာမည် နဲ့ အသက်ကရော…”အဖွား နာမည်က ဒေါရန်ပို့အသက်က (၇၀) ပါ…”ဟုတ်ကဲ့ပါ အဖွား ဖရဲသီးအားလုံးဘယ်လောက်လဲ …”၂၅၀၀ ဘဲ ပေးပါ သား…”ဟုတ်ကဲ့ အဖွား ရော့…”ဟာ …သား ဒီပိုက်ဆံတွေက …”“တစ်သိန်းကျပ် ပါ အဖွား…အဖွား နှစ်ဆန်းတစ်ရက်နေ့မှာ လှူချင် တာ ၊ သုံးချင် တာ အတွက်ပါ…”ကျေးဇူးတင်ပါတယ် သားရယ်…”“အခုလောလောဆယ် အဖွားနဲ့ သား
ဒီနားက ကလေးတွေကို ဖရဲသီးလှူကြမယ်နော်..”အဖွားဖရဲသီးလှူနေချိန်မှာ မြင်တွေ့ရတဲ့ မျက်နှာလေးက တကယ်ကို ပီတိဖြစ်မိပါတယ်။ကျွန်တော်နဲ့အတူပါဝင်လှူဒါန်းပေးကြသူများကျေးဇူးပါ ခင်ဗျာ။🙏🙏🙏”ဆိုတဲ့စာလေးနဲ့နှစ်ဆန်းတစ်ရက်နေ့မှာထူးခြားလှတဲ့အလှူကုသိုလ်လေးကိုပြုလုပ်ခဲ့တာပါ။CeleGabarပရိသတ်တွေလည်း မိုးစက်ရဲ့ အလှူအတွက်သာဓုခေါ်ခဲ့ပါဦးနော်။

Koe- CeleGabar
Source- MoeSat
ZawgyiFontဖြင့်ဖတ်ရန်






Koe- CeleGabar
Source- MoeSat