ပရိသတ်ကြီးရေ မိုးယုစံကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်း မရှိတော့ဘဲ မိခင်ကောင်းတစ်ယောက်အဖြစ်သာ နေထိုင်နေခဲ့ပါတယ်။
မိုးယုစံကတော့ လက်ရှိမှာသားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး မိုးယုရဲ့ သားအငယ်လေးကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၂)ရက်နေ့က (၁)နှစ်ပြည့်သွားခဲ့တာပဲဖြစ်ပါတယ်။ မိုးယုကတော့ သားငယ်လေးရဲ့ ပထမဆုံးမွေးနေ့ဖြစ်တဲ့ (၁)နှစ်ပြည့်မွေးနေ့ကို မိသားစုစုံလင်စွာနဲ့ ကောင်းမှုအလှူဒါနတွေပြုလုပ်ကာ ဖြတ်သန်းခဲ့ပါတယ်။
လတ်တလောမှာတော့ မိုးယုက နှစ်သစ်ကာလမှာ စိတ်ချမ်းသာကြစေဖို့ တောင်ဆုလေးနဲ့ အတူ သားသားလေး မွေးနေ့ အလှူပြုလုပ်ခဲ့တဲ့ မှတ်တမ်းပုံလေးတွေကိုပါ ပြန်လည်မျှဝေဖော်ပြလာခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ မိုးယုရဲ့ သားငယ်လေးကလည်း တကယ်ကို အချောလေးပါပဲနော်။
Source – Moe Yu San
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-
သားငယ္ေလးရဲ႕ (၁)နွစ္ျပည့္ေမြးေန႔ အလွဴျပဳလုပ္ခဲ့တဲ့ အမွတ္တရပံုေလးေတြကို မွ်ေဝလာခဲ့တဲ့ မိုးယုစံ
ပရိသတ္ၾကီးေရ မိုးယုစံကေတာ့ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အျပည့္အဝရရွိထားခဲ့တဲ့ ပရိသတ္အခ်စ္ေတာ္ ရုပ္ရွင္နဲ႕ ဗီဒီယို သရုပ္ေဆာင္ မင္းသမီးေခ်ာေလးတစ္လက္ပဲျဖစ္ပါတယ္။ မိုးယုစံကေတာ့ အိမ္ေထာင္က်ျပီးေနာက္ပိုင္းမွာ အနုပညာအလုပ္ေတြကို လုပ္ကိုင္ျခင္း မရွိေတာ့ဘဲ မိခင္ေကာင္းတစ္ေယာက္အျဖစ္သာ ေနထိုင္ေနခဲ့ပါတယ္။
မိုးယုစံကေတာ့ လက္ရွိမွာသားေလးနွစ္ေယာက္ကို ပိုင္ဆိုင္ထားျပီး မိုးယုရဲ႕ သားအငယ္ေလးကေတာ့ ျပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ (၂၂)ရက္ေန႕က (၁)နွစ္ျပည့္သြားခဲ့တာပဲျဖစ္ပါတယ္။ မိုးယုကေတာ့ သားငယ္ေလးရဲ႕ ပထမဆံုးေမြးေန႔ျဖစ္တဲ့ (၁)နွစ္ျပည့္ေမြးေန႕ကို မိသားစုစံုလင္စြာနဲ႕ ေကာင္းမႈအလွဴဒါနေတြျပဳလုပ္ကာ ျဖတ္သန္းခဲ့ပါတယ္။
လတ္တေလာမွာေတာ့ မိုးယုက နွစ္သစ္ကာလမွာ စိတ္ခ်မ္းသာၾကေစဖို႕ ေတာင္ဆုေလးနဲ႕ အတူ သားသားေလး ေမြးေန႕ အလွဴျပဳလုပ္ခဲ့တဲ့ မွတ္တမ္းပံုေလးေတြကိုပါ ျပန္လည္မွ်ေဝေဖာ္ျပလာခဲ့ပါတယ္။ CeleGabar ပရိသတ္ၾကီးေရ မိုးယုရဲ႕ သားငယ္ေလးကလည္း တကယ္ကို အေခ်ာေလးပါပဲေနာ္။
Source – Moe Yu San
Chilli – CeleGabar