လှည်းကူး ဓမ္မဝိနယစင်တာမှာ နှစ်ဦးအလှူလေးသွားရောက်ပြုလုပ်ခဲ့တဲ့ နန်းဆုရတီစိုး

Posted on

ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် အဆိုတော် မော်ဒယ်လ် မင်းသမီးချောလေးတစ်လက်ဖြစ်တဲ့ နန်းဆုရတီစိုးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ နန်းဆုကတော့ မနေ့က မြန်မာနှစ်ဆန်း(၁)ရက်နေ့လေးမှာ မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

အလှူလေးကတော့ လှည်းကူး ဓမ္မဝိနယစင်တာမှာပြုလုပ်ခဲ့တာဖြစ်ပြီး နှစ်ဦးအလှူလေးအဖြစ်ပြုလုပ်ခဲ့ကြောင်း “”နှစ်ဆန်းတစ်ရက်နေ့အလှူ ” နှစ်ဦးအလှူအဖြစ် ဓမ္မဝိနယစင်တာ လှည်းကူး မှာ သွားရောလှူဒါန်းခဲ့ပါတယ် ” ဆိုပြီး အလှူမှတ်တမ်းပုံလေးတွေကိုလည်း နန်းဆုကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။

အလှူလေးရဲ့ အဖို့ဘာဂတွေကြောင့်လည်း “ချစ်သောပရိတ်သတ်များ နှစ်သစ်မှာ ကိုယ်စိတ်နှလုံးအေးချမ်းပါစေ ဘေးရန်ကင်းကွာကြပါစေ ” ဆိုပြီး တောင်းဆုပြုထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေထဲက နန်းဆုရဲ့ ပရိသတ်တွေအတွက် နန်းဆုရဲ့ အလှူမှတ်တမ်းပုံရိပ်လေးတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Nansu Yati Soe
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Nansu Yati Soe
Chilli – CeleGabar