” လသားအရွယ်ထဲက ပိုစ့်ပေးကြမ်းကာ ချစ်စရာကောင်းလှတဲ့ ငယ်ဘဝပုံရိပ်လေးကိုချပြလာတဲ့ချမ်းမင်းရဲထွ​ဋ်”
Posted on
CeleGabarပရိသတ်ကြီးရေ ချမ်းမင်းရဲထွ​ဋ်ကတော့ ဆွဲဆောင်မှုရှိလွန်းတဲ့ မျက်လုံး မျက်ခုံးအပြင် နိုင်ငံခြားမင်းသားတစ်ဦးလို ထူးခြားတဲ့ ပသိုင်းမွှေးရေးရေးလေးတွေက သူ့ရဲ့ တမူထူးတဲ့ ဆွဲဆောင်မှုတွေပါပဲနော်။ ချမ်းမင်းရဲထွဋ်လို့ပရိသတ်တွေလက်ခံလာတဲ့ဇာတ်ကားကတော့ ” ည ” ရုပ်ရှင် ဇာတ်ကားကြီးပဲဖြစ်ပါတယ်။
ဒါ့အပြင် “သမ္မတကြီးထံပေးစာ” ဇာတ်ကားကြီးမှာ အလင်းရောင် ၊ ဖွေးဖွေး တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ထားခဲ့တဲ့အပြင် ကြော်ငြာphoto shootingတွေလည်းများစွာရိုက်ကူးခဲ့သူတစ်ယောက်ပါ။အခုချိန်မှာအနုပညာခြေလှမ်းတွေကျဲနေပေမယ့်ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကတော့လျော့မသွားခဲ့ပါဘူးနော်။
ချမ်းမင်းရဲ့ထွဋ်ကတော့ အနုပညာအလုပ်တွေမလုပ်ဖြစ်တဲ့အချိန်မှာလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့လှုပ်ရှားမှုတွေကို တင်ပေးလျက်ရှိတာပါ။ လတ်တလောမှာတော့သူ့ရဲ့ငယ်ဘဝအမှတ်တရ၈လသားအရွယ်ကပုံရိပ်လေးကိုချစ်တဲ့ပရိသတ်တွေမြင်ဖူးစေရန်”၈ လသား 👶🏻 Baby cmyh !”ဆိုတဲ့စာလေးနဲ့တင်လာခဲ့တာပါ။သူ့ရဲ့ပရိသတ်တွေကတော့ငယ်ဘဝထဲကချစ်စရာကောင်းလှတဲ့ ချမ်းမင်းရဲထွဋ်ရဲ့ပုံလေးကိုကြည့်ကာ သဘောကျတဲ့မှတ်ချက်တွေပေးခဲ့ကြတာပါ။CeleGabarပရိသတ်တွေလည်း ချမ်းမု်းရဲထွဋ်ရဲ့ငယ်ဘဝပုံရိပ်လေးကို မြင်ဖူးအောင်တင်ပေးလိုက်ပါတယ်နော်။
Koe-CeleGabar
Source – ChanMinYeHtut
ZawgyiFontဖြင့်ဖတ်ရန်
Koe-CeleGabar
Source – ChanMinYeHtut