“နေရဲရဲ့လက်ထက်ခွင့်တောင်းတဲ့ဗီဒီယိုဖိုင်ကိုကြည့်ကာ သားရှင်ဖြစ်တဲ့ သူမအနေနဲ့ မတော်ရသေးတဲ့ချွေးမအပေါ်မှာ ထားရှိမယ့် စိတ်ထားလေးကို ပြောပြလာတဲ့ ပိုးအိအိခန့်”

Posted on

CeleGabar ပရိသတ်ကြီးရေ ပြည်သူ့အချစ်တော်မင်းသမီးလေး ပိုးအိအိခန့် ကတော့ နိုင်ငံကျော်ဘောလုံးသမားအောင်သူနဲ့ အတူ ပျော်ရွင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ထားကြတာပါ။အခုဆိုရင် ချစ်စရာကောင်းပြီး မျက်နှာချိုလှတဲ့ သားလေးကို ပိုင်ဆိုင်ထားတာပါ။

လတ်တလောဆိုရှယ်မီဒီယာမှာ လူပြောများခဲ့တဲ့ ခဲ့​တဲ့ ဇာတ်ပို့မင်းသားကြီးခင်လှိုင်ရဲ့ သားဖြစ်သူနေရဲ့ရဲ့လက်ထပ်ခွင့်တောင်းတဲ့videoဖိုင်လေးနဲ့ပတ်သက်ပြီး သူမကလည်းဂုဏ်ပြုစကားပြောခဲ့တာပဲ ဖြစ်ပါတယ်။”ချစ်စရာကောင်းလိုက်တာ ကြည့်ရတာ ဝမ်းလည်းသာ မျက်ရည်လည်းဝဲ ပျော်စရာလည်းကောင်းလိုက်တာ မောင်လေး Nay Ye ရေ
Congratulations ပါဦး ခင်လှိုင်ကြီးကလည်း အနုပညာတင်ချစ်စရာကောင်းတာမဟုတ်ဘူး စိတ်ဓါတ်လေးကပါ ချစ်စရာကောင်းလိုက်တာဆိုတာ
Surprise ဆိုတာ လုပ်ပေးခြင်းခံရသူထက် လုပ်ပေးနေကြရတဲ့သူတွေ ကိုယ်တိုင်ပိုပျော်ရတယ်ဆိုတာ ဒီ video လေးလိုပဲ ”

ကိုယ်ကလည်း surprise လုပ်ပေးရတာ ဝါသနာပါတော့ သားလေးအလှည့်ကျရင်လည်း ကိုယ်တိုင်ဝင် surprise လုပ်ပြီး ဦးခင်လှိုင်ကြီးလို ငိုဦးမှာ 😜😜😜”ဆိုတဲ့စာလေးနဲ့မိခင်တစ်ယောက်ရဲ့မေတ္တာကိုပြောပြသွားခဲ့တာပါ။ CeleGabarပရိသတ်တွေထဲကသားရှင်မိခင်တွေကော ပိုးအိအိခန့်နဲ့ စိတ်ချင်းတူရင်မှတ်ချက်တစ်ခုခူပေးခဲ့ပါဦးနော်။


Koe-CeleGabar
Source – Poe Ei Ei Khant
ZawgyiFontဖြင့်ဖတ်ရန်




Koe-CeleGabar
Source – Poe Ei Ei Khant