“နှစ်သစ်အစမှာ ငါးစာကျွေးကာကုသိုလ်ယူခဲ့တဲ့ပူံရိပ်လေးတွေကို ဝေမျှလာတဲ့ဆောင်းဝတ်ရည်မေ”

Posted on

CeleGabar ပရိသတ်ကြီးရေ ဇာတ်လမ်းတွဲမင်းသမီးလေးဆောင်းဝတ်ရည်မေကတော့ လက်ရှိမှာပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ မင်းသမီးလေးတစ်လက်လို့ဆိုရမှာပါနော်။ ဆောင်းဝတ်ရည်မေလေးကတော့ ဇာတ်လမ်းတွဲတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်လာကာ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိနေတဲ့ မင်းသမီးတစ်လက်လို့ဆိုနိုင်နေပါပြီနော်။

သူများနဲ့မတူတဲ့ ချစ်စရာစကားပြောပုံလေးနဲ့အတူ ဆောင်းဝတ်ရည်မေကတော့ ကိုရီးယားမင်းသမီးလေးအတိုင်း ဘာခွဲစိတ်ပြုပြင်မှုမှမလုပ်ဘဲ ချောမောလှပနေတဲ့ မင်းသမီးလေးပါပဲ။ ချစ်စရာကောင်းတဲ့ အပြုံး နဲ့ ထူးထူးခြားခြား စကားပြောပုံလေးတွေက ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကတောင် ချစ်ခင် အားပေးရသူလေး လို့ ဆိုရမှာပါ။

လက်ရှိမှာလည်းသူမပါဝင်ထားတဲ့ ”ဆုတောင်း” ဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုပရိသတ်တွေကနှစ်သက်သဘောကျလျက်ရှိတာပါ။ဒီနေ့မှာတော့” ငါးစားကျွေး ကုသိုလ်ယူ နှစ်ဆန်းကုသိုလ်…. 💓”ဆိုတဲ့စာလေးနဲ့ ငါးစာကျွေးကာကုသိုလ်ယူခဲ့တဲ့ပုံရိပ်လေဘးတွေကိုဝေမျှခဲ့တာပါ။CeleGabarပရိသတ်တွေလည်း တုတုလေးရဲ့ငါးစာကျွေးကုသိုလ်အလှူလေးကို သာဓုခေါ်ခဲ့ကြပါဦးနော်။


Koe- CeleGabar
Source- Hsaung Wutyee May
ZawgyiFontဖြင့်ဖတ်ရန်





Koe- CeleGabar