သစ်တံခါးဆရာတော်နဲ့ အလှူရှင်တွေ စုပေါင်းပြီး ကလေးတွေအတွက် အလှူငွေတွေ ချီးမြှောက်လှူဒါန်းပေးခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်နေခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေကတော့ မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သစ်တံခါးဆရာတော်ကြီးထံကနေ ကလေးတွေအတွက် အလှူငွေတွေ ပြန်လည် ချီးမြှောက်လှူဒါန်းတာကြောင့် ဝမ်းသာပီတိဖြစ်ခဲ့ရကြောင်း ပရိသတ်တွေလည်း သိရှိစေဖို့ မျှဝေလာခဲ့ပါတယ်။

ခိုင်နှင်းဝေက “သစ်တံခါး ဆရာတော် နှင့် ပဌာန်းဆက်ပါရမီရှင်များ မှ ကလေးများအတွက် အလှူငွေ (၁၀) သိန်းကျပ် နှင့် ဆန် (၇) အိတ်၊ မုန့်များကို ချီးမြှောက်လှူဒါန်းပေးပါတယ်ရှင်..ဆရာတော် ဘုရား၏ မေတ္တာဓာတ်ကို အမြဲ ခံယူရင်း သာသနာအကျိူး အများအကျိုးတို့ကို ဒီထက်မက သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းဖြစ်ခဲ့ပါတယ်ရှင်” ဆိုပြီး မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ သစ်တံခါးဆရာတော်ကြီးရဲ့ မေတ္တာဓာတ်တွေကို ရရှိခဲ့တဲ့ အတွက် ကလေးတွေကိုယ်စားခိုင်နှင်းဝေကတော့ ပီတိတွေဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း သစ်တံခါးဆရာတော်ကြီးနဲ့ ပဌာန်းဆက်ပါရမီရှင်များရဲ့ ကုသိုလ်အလှူဒါနလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Khine Hnin Wai
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-



ခိုင်နှင်းဝေက “သစ်တံခါး ဆရာတော် နှင့် ပဌာန်းဆက်ပါရမီရှင်များ မှ ကလေးများအတွက် အလှူငွေ (၁၀) သိန်းကျပ် နှင့် ဆန် (၇) အိတ်၊ မုန့်များကို ချီးမြှောက်လှူဒါန်းပေးပါတယ်ရှင်..ဆရာတော် ဘုရား၏ မေတ္တာဓာတ်ကို အမြဲ ခံယူရင်း သာသနာအကျိုး အများအကျိုးတို့ကို ဒီထက်မက သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းဖြစ်ခဲ့ပါတယ်ရှင်” ဆိုပြီး မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။


Source – Khine Hnin Wai
Chilli – CeleGabar