“သရဖူ” ဇာတ်လမ်းတွဲလေးမှာ “ရိုစီ” အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သံသာညီ

Posted on

ပရိသတ်ကြီးရေ သံသာညီကတော့ “နွေလယ်ညရဲ့ လမင်း” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ “ဖူးဝေ”အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။

သံသာညီကတော့ အခုတစ်ခေါက်မှာလည်း သူ့ရဲ့ဒုတိယမြောက်ဇာတ်လမ်းတွဲလေး အဖြစ် “သရဖူ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲအသစ်လေးမှာ “ရိုစီ”ဆိုတဲ့ ကာရိုက်တာနဲ့ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ဒီဇာတ်လမ်းတွဲလေးကတော့ ဒီနေ့ညမှာ စတင်ပြသသွားမှာပါတဲ့။ သံသာညီကတော့ သူပါဝင်တဲ့ ဇာတ်လမ်းတွဲလေးကို အားပေးကြဖို့လည်း ပရိသတ်တွေကို တောင်းဆိုထားခဲ့ပါသေးတယ်။

သူ့ရဲ့သရုပ်ဆောင်မှုကိုကြည့်ရှု့ပြီး လိုအပ်ချက်တွေရှိနေခဲ့ရင်လည်း ကြည့်ရှု့ဝေဖန်အကြံပြုပေးကြဖို့လည်း တောင်းဆိုထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ဖူးဝေရဲ့ ဒုတိယမြောက် ဇာတ်လမ်းတွဲလေးကို အားပေးကြပါဦးနော်။

Source – Than Thar Nyi
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Than Thar Nyi
Chilli – CeleGabar