လမ်းဘေးမှာ တိုလီမိုလီလေးတွေ ရောင်းကာဝမ်းရေးဖြေရှင်းနေတဲ့ အသက်(၇၀)အရွယ်အဖွားကို ကူညီထောက်ပံ့ခဲ့တဲ့ မိုးစက်

Posted on

ပရိသတ်ကြီးရေ မိုးစက်ကတော့ သမာအာဇီဝကျကျဝမ်းရေးဖြေရှင်းနေတဲ့ အဖိုးအဖွားတွေကို ကူညီထောက်ပံ့နေခဲ့တာကြောင့် ပရိသတ်တွေ ချီးကျူးနေရတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ မိုးစက်ကတော့ ဒီနေ့မှာလည်း အဖွားတစ်ယောက်ကို ကူညီထောက်ပံ့ခဲ့ပါသေးတယ် ပရိသတ်ကြီးရေ။

ဒီနေ့မှာ အဖွားကို ကူညီထောက်ပံ့ဖြစ်ခဲ့တဲ့ ပုံကိုလည်း မိုးစက်က အခုလို ရေးသားမျှဝေထားခဲ့ပါတယ်။ “လမ်းဘေးမှာ တိုလီမိုလီ လေးတွေ ရောင်းတဲ့အသက် (၇၀) အရွယ် အဖွားဆီက စာအိတ်လေး ဝယ်ချင်လို့ သွားခဲ့တယ်“ အဖွား စာအိတ်လေးက ဘယ်လောက်လဲ…”“တစ်အိတ်ကို ၁၀၀ ပါ ၃အိတ် ကို ၂၀၀ ပါ သား …”“အဖွားဆီက စာအိတ် ဝယ်ချင်လို့ တကူးတက လာခဲ့တယ် …စာအိတ်ထဲ ပိုက်ဆံထည့်ပြီး လှူဖို့လေ…”“ကောင်းတာပေါ့ သားရယ်…”“သား တစ်အိတ်လောက် အရင်ထည့်ကြည့်မယ်နော်ဆိုဒ် မတူရင် အဆင်မပြေမှာ စိုးလို့…” “ရပါတယ် သား…”

ပိုက်ဆံ ၅၀၀၀ တန် အရွက် ၂၀ ကို စာအိတ်ထဲ ထည့်ကြည့်တော့ ကွက်တိ ။“ကဲ ရော့ အဖွား.. စာအိတ်ဖိုး …”“ဟာ..အဖွားကို ဒီစာအိတ်ထဲက ပိုက်ဆံ တစ်သိန်းက အဖွားကို ပေးတာ ”ဆိုပြီး အဖွားကို လှူဖြစ်ခဲ့ပုံလေးကို ပီတိဖြစ်စွာနဲ့မျှဝေထားခဲ့တာပါ။ အလှူငွေတွေကြောင် အခက်အခဲအနည်းငယ်ပြေလည်သွားတာကြောင့် ပျော်ရွှင်သွားတဲ့ အဖွားရဲ့ အပြုံးအပျော်လေးတွေက မြင်တွေ့ရသူတွေလဲ ပီတိဖြစ်ကြရတဲ့ အထိပါပဲ CeleGabar ပရိသတ်ကြီးရေ။

Source – Moe Sat
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

လမ္းေဘးမွာ တိုလီမိုလီေလးေတြ ေရာင္းကာဝမ္းေရးေျဖရွင္းေနတဲ့ အသက္(၇၀)အ႐ြယ္အဖြားကို ကူညီေထာက္ပံ့ခဲ့တဲ့ မိုးစက္

ပရိသတ္ႀကီးေရ မိုးစက္ကေတာ့ သမာအာဇီဝက်က်ဝမ္းေရးေျဖရွင္းေနတဲ့ အဖိုးအဖြားေတြကို ကူညီေထာက္ပံ့ေနခဲ့တာေၾကာင့္ ပရိသတ္ေတြ ခ်ီးက်ဴးေနရတဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။ မိုးစက္ကေတာ့ ဒီေန႔မွာလည္း အဖြားတစ္ေယာက္ကို ကူညီေထာက္ပံ့ခဲ့ပါေသးတယ္ ပရိသတ္ႀကီးေရ။

ဒီေန႔မွာ အဖြားကို ကူညီေထာက္ပံ့ျဖစ္ခဲ့တဲ့ ပုံကိုလည္း မိုးစက္က အခုလို ေရးသားမွ်ေဝထားခဲ့ပါတယ္။ “လမ္းေဘးမွာ တိုလီမိုလီ ေလးေတြ ေရာင္းတဲ့အသက္ (၇၀) အ႐ြယ္ အဖြားဆီက စာအိတ္ေလး ဝယ္ခ်င္လို႔ သြားခဲ့တယ္“ အဖြား စာအိတ္ေလးက ဘယ္ေလာက္လဲ…”“တစ္အိတ္ကို ၁၀၀ ပါ ၃အိတ္ ကို ၂၀၀ ပါ သား …”“အဖြားဆီက စာအိတ္ ဝယ္ခ်င္လို႔ တကူးတက လာခဲ့တယ္ …စာအိတ္ထဲ ပိုက္ဆံထည့္ၿပီး လႉဖို႔ေလ…”“ေကာင္းတာေပါ့ သားရယ္…”“သား တစ္အိတ္ေလာက္ အရင္ထည့္ၾကည့္မယ္ေနာ္ဆိုဒ္ မတူရင္ အဆင္မေျပမွာ စိုးလို႔…” “ရပါတယ္ သား…”

ပိုက္ဆံ ၅၀၀၀ တန္ အ႐ြက္ ၂၀ ကို စာအိတ္ထဲ ထည့္ၾကည့္ေတာ့ ကြက္တိ ။“ကဲ ေရာ့ အဖြား.. စာအိတ္ဖိုး …”“ဟာ..အဖြားကို ဒီစာအိတ္ထဲက ပိုက္ဆံ တစ္သိန္းက အဖြားကို ေပးတာ ”ဆိုၿပီး အဖြားကို လႉျဖစ္ခဲ့ပုံေလးကို ပီတိျဖစ္စြာနဲ႔မွ်ေဝထားခဲ့တာပါ။ အလႉေငြေတြေၾကာင္ အခက္အခဲအနည္းငယ္ေျပလည္သြားတာေၾကာင့္ ေပ်ာ္႐ႊင္သြားတဲ့ အဖြားရဲ႕ အၿပဳံးအေပ်ာ္ေလးေတြက ျမင္ေတြ႕ရသူေတြလဲ ပီတိျဖစ္ၾကရတဲ့ အထိပါပဲ CeleGabar ပရိသတ္ၾကီးေရ။

Source – Moe Sat
Chilli – CeleGabar