(၃)ရက်သား ရင်ချင်းဆက်အမွှာလေးတွေ ခွဲစိတ်ကုသဖို့အတွက် ကူညီပေးသွားမယ့် ခိုင်နှင်းဝေ

Posted on

ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ဒီနေ့ ဧပြီလ (၂၁)ရက်နေ့မှာ မွန်မြတ်လှတဲ့ ကူညီထောက်ပံ့မှုတစ်ခုကို ပြုလုပ်သွားဖို့ ရှိကြောင်း ပရိသတ်တွေသိရှိရအောင်မျှဝေလာခဲ့ပါတယ်။ ကူညီထောက်ပံ့မှုကတော့ ရင်ချင်းဆက်အမွှာကလေးနှစ်ယောက်ရဲ့ ခွဲစိတ်ကုသမှုကို အကူညီပေးသွားမှာပဲဖြစ်ပါတယ်။

ကလေးတွေကတော့ မုံရွာဘက်ကဖြစ်ပြီး (၃)ရက်သား ယောက်ျားလေးအမွှာလေးပဲဖြစ်ပါတယ်။ ကလေးတွေကတော့ ရင်ချင်းဆက်မွေးဖွားလာခဲ့တာဖြစ်ပြီး မိဘတွေက နွမ်းပါးတဲ့အတွက် ခွဲစိတ်ကုသဖို့ မတတ်နိုင်တဲ့အတွက် အကူညီတောင်းခံလာခဲ့တာကြောင့် ကုသမို့ ထောက်ပံ့ကူညီပေးခဲ့တာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ခိုင်နှင်းဝေကလည်း ကလေးတွေ ခွဲစိတ်ကုသဖို့အတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို ကူညီပေးသွားမှာဖြစ်ပြီး သားလေးတွေ ကံကောင်းဖို့ မေတ္တာတွေပို့ပေးကြဖို့နဲ့ ဆုတောင်းပေးကြဖို့ ပရိသတ်တွေကို တောင်းဆိုထားခဲ့ပါသေးတယ်။တကယ်ကို မွန်မြတ်လွန်းလှတဲ့ လုပ်ရက်လေးပါပဲနော် CeleGabar ပရိသတ်ကြီးရေ။

Source – Khine Hnin Wai
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Khine Hnin Wai
Chilli – CeleGabar