” ခင်ပွန်းဖြစ်သူ ဆုံးပါးသွားတာ ၈လပြည့်အတွက် ကောင်းမှုကုသိုလ်တွေ သားနဲ့သမီးနဲ့အတူပြုလုပ်ခဲ့တဲ့ဗီဒီယိုဖိုင်လေးကို အမှတ်တရတင်လာခဲ့တဲ့နန်းမြတ်ဖြိုးသင်း”
Posted on
CeleGabarပရိသတ်ကြီးရေ နန်းမြတ်ဖြိုးသင်းကတော့ခင်ပွန်းဆုံးပါးသွားပြီးတဲ့နောက်သားနဲ့သမီးကို ဖခင်နေရာရောမိခင်နေရာအတွက်ပါ စောင့်ရှောက်ပြုစုနေခဲ့တဲ့မင်းသမီးတစ်လက်ပါ။သားနဲ့သမီးကို အချိန်ပေးကာ ကိုယ်တိုင်ထိန်းကျောင်းနေတဲ့ အပြင် စီးပွားရေးကိုလည်း ဦးဆောင်ကာရှာဖွေလျက်ရှိတာပါ။
ဒီနေ့မှာတော့”ဒီနေ့ဂျက်နဲ့ဂျူးလေးရဲ့ဖေဖေ(၈)လပြည့်ပါပီငါးလေးတွေလွှတ်တယ် ခိုစာကျွေးတယ် ငါးစာကျွေးတယ်ပြုသမျှကုသိုလ်လဲအမျှဝေတယ်ဂျက်လေးကိုလဲသင်ပေးဖြစ်တယ်။ကောင်းမှုအလှူတစ်ခုလုပ်ပီးတိုင်းဖေဖေ့ကိုအမျှဝရမယ်နော်လို့ဂျက်လေးကတော့ဟုတ်ကဲ့တဲ့။
ဂျက်နဲ့ဂျူးလေးဖေဖေကောင်းရာကိုရောက်နေမယ်လို့ယုံကြည်တယ်ကျန်ခဲ့တဲ့လူကလဲကောင်းတဲ့အမှုတွေပဲလုပ်တယ်ကြိုးစားပီးရုန်းကန်မယ်💪🏼”ဆိုတဲ့စာလေးနဲ့ ဂျက်ဂျက်နဲ့ဂျူးဂျူးတို့ ဖခင်ဖြစ်သူအတွက်ကုသိုလ်တွေပြုလုပ်ခဲ့တဲ့ဗီဒီယိုဖိုင်လေးတင်လာခဲ့တာပါ။ ။CeleGabarပရိသတ်တွေလည်း နန်းမြတ်ရဲ့ရှေ့ဆက်လျှောက်ရမယ့်ဘဝအတွက်ခွန်အားဖြစ်စေမယ့်စာလေးတွေ ရေးပေးခဲ့ကြပါဦးနော်။
Koe-CeleGabar
Soure : Nann Myat Phyo Thin
ZawgyiFontဖြင့်ဖတ်ရန်
Koe-CeleGabar