“2021ခုနှစ်ကတည်းကဦးဆောင်ပြင်ဆင်ခဲ့တဲ့သိမ်အလှူအတွက် အလှူငွေစုစုပေါင်း သိန်း၁ထောင်ကျော်ကို လွှဲအပ်ကာ လှူဒါန်းကုသိုလ်ယူခဲ့တဲ့ ပိုင်တံခွန်”
Posted on
CeleGabar ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ အာရှတစ်ခွင်မှာသာမက အနောက်နိုင်ငံတွေထိပါ အောင်မြင်ကျော်ကြားနေတဲ့ မော်ဒယ်လ်မင်းသားတစ်လက်ပါ။ လက်ချိုးရေလို့ရတဲ့ကမ္ဘာကျော်တဲ့ မြန်မာနိုင်ငံရဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လို့တောင်တင်စားရမှာပါ။
မကြာသေးမီကလည်း ချုပ်နှောင်မှုကပြန်လည်လွတ်မြောက်လာခဲ့တာပါ။လွတ်မြောက်လာခဲ့ပြီးနောက်မှာတော့ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေရပ်နားထားမှာဖြစ်ကြောင်းကြေညာခဲ့တာပါ။ ဒီနေ့မှာတော့ သူကိုယ်တိုင်ဦးစီးခဲ့တဲ့ သိမ်ဆောက်လုပ်မှုမှာ ကြန့်ကြာ နေခဲ့တာကို အခုချိန်မှာ အကောင်အထည်ဖော်ဖို့ပြန်လည်ကြိုးပမ်းနေကြောင်းပြောပြလာခဲ့တာပါ။
“2021ခုနှစ်က ကျနော် ဦးစီးခဲ့တဲ့ သိမ်ဆောက်လုပ်ဖို့ အလှူဟာ ကျနော့်ကြောင့်ပဲ နှောင့်နှေးခဲ့ရလို့ ကျနော်နှင့်အတူ ပူးပေါင်း လှူဒါန်းခဲ့တဲ့ အလှူရှင် တွေကို တောင်းပန်ပါတယ် အခု ကျနော် ပြန်ရောက်လာပြီဆိုတော့ ဒီသိမ်ကျောင်း ပြန်လည်ဆောက်လုပ်ဖို့ နဲ့ အလှူငွေကျပ် သိန်း (၁၁၁၀၆၀၈၉၂ ) အတိကို ဘုန်းဘုန်း အားလွှဲအပ်ပေးဖို့ အတွက် ကျနော်လုပ်နေပါတယ် ။”ဆိုတဲ့စာလေးနဲ့ တက်လာခဲ့တာပါ။ တကယ့်ကိုအကျိုးရှိတဲ့လုပ်ရပ်တွေကိုပဲ ပြုလုပ်နေတဲ့အနုပညာရှင်တစ်ဦးဖြစ်တဲ့ပိုင်တံခွန်ရဲ့တန်ဖိုးရှိလှတဲ့သိမ်အလှူအတွက် သာဓုခေါ်မုဒိတာပွားပေးခဲ့ကြပါဦးနော်။
Koe- CeleGabar
Source- PaingTakhon
Koe- CeleGabar
Source- PaingTakhon