” မြန်မာနှစ်သစ်ကူးမှာ သစ်တံခါးဆရာတော်ဘုရားအား သားနဲ့သမီးတို့နဲ့အတူ သွားရောက် ဖူးမြှော် ကန်တော့ခဲ့တဲ့ ခင်ဇာခြည်ကျော်”

Posted on

CeleGabar ပရိသတ်ကြီးရေ ခင်ဇာခြည်ကျော်ကတော့ ပရိသတ်တွေ ဆယ်စုနှစ် တစ်ခုအကြာကနေအားပေးလာကြတဲ့ မင်သမီးကြီးတစ်လက်ပဲ ဖြစ်ပါတယ်။အခုအချိန်ထိလည်း အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်ကာ ပရိသတ်တွေအချစ်ပိုနေဆဲ ဝါရင့်မင်းသမီးကြီးပါပဲနော်။

ပရိသတ်တွေသည်းသည်လှုပ်ချစ်ခင်အားပေးတဲ့ သားနဲ့ သမီးကိုလည်း ပိုင်ဆိုင်ထားပြီး Single Mother အဖြစ်နဲ့ ရပ်တည်ကာ သားနဲ့ သမီးကို ပြုစုစောင့်ရှောက်နေတဲ့သူဆိုလည်း မမှားပါဘူးနော်။ဒီနေ့မှာတော့”မြန်မာနှစ်သစ် ကူးမှာ သစ်တံခါးဆရာတော် ဘုရားအား သွားရောက် ဖူးမြှော် ကန်တော့ ခဲ့ပါတယ် 🙏🏻🙏🏻🙏🏻
၂၂.၄.၂၀၂၂”ဆိုတဲ့စာလေးနဲ့အတူ သားနဲသမီးနဲ့အတူ သစ်တံခါးဆရာတော်ကြီးကို ဖူးမြှော်
ခဲ့တဲ့ ကြည်နူးစရာပုံရိပ်တွေကို ဝေမျှခဲ့တာပါ။

အမြဲလိုလို ပျော်ပျော်နေတတ်တဲ့ ခင်ဇာခြည်ကျော်ကတော့ သားနဲ့သမီးနဲ့အတူ အမြဲ ပျော်ရွှင်ကြည်နူးစရာတွေအပြင် လိမ္မာရေးခြားရှိကာ ဘာသာရေးလိုက်စားမှု​ေ​တွကိုလည်း သားနဲ့သမီးကိုအမြဲရှေ့ဆောင်လမ်းပြလုပ်နိုင်ခဲ့သူပါပဲနော်။CeleGabarပရိသတ်တွေလည်းခင်ဇာခြည်ကျော်တို့သားအမိပုံရိပ်လေးတွေကို ကြည့်ကာ သဘောကျ မိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Koe-CeleGabar
Source – KhinZarChi Kyaw
ZawgyiFontဖြင့်ဖတ်ရန်





Koe-CeleGabar