” ပြန်လည်ရှာဖွေရန်ခက်ခဲလွန်းလှတဲ့ လွန်ခဲ့တဲ့၁၅နှစ်က ဒွေးရဲ့အမှတ်တရတချို့ကို ပြန်လည်တင်ပေးခဲ့တဲ့ ဇွဲနိုင်ဝင်း”

Posted on

CeleGabar ပရိသတ်ကြီးရေ ဇွဲနိုင်ဝင်းကတော့လက်ရှိမှာ ရဟန်းဝတ်နေခဲ့တာ ရဟန်းသက်တမ်း၂လပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ မိဘနှစ်ပါးကိုအမှူးထားပြီးသင်ဆရာမြင်ဆရာဖြစ်တဲ့ ကျေးဇူးရှင် ကိုသားကြီး အတွက် ရည်စူးပြီးဝတ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့”အစ်ကိုနဲ့ပက်သက်ပြီး ကျွန်တော် သိမ်းထာတဲ့ထဲက 2007 ခုနှစ် စက်တင်ဘာလထုတ် အတွဲ(၂၃)၊အမှတ်(၉)ရုပ်ရှင်တေးကဗျာရသစုံမဂ္ဂဇင်းမှ ဒါရိုက်တာ လူရွှင်တော် ကိုဧရာ ရေးတဲ့ အစိမ်းကြွေ ဆိုတဲ့ဆောင်းပါးလေးကို ကျွန်တော် screen short ရိုက်ပြီးတင်ပေးလိုက်ပါတယ်ခင်ဗျာ။
အစ်ကို့ ကို ချစ်သော ခုနှစ်ရက်သားသမီးများအားလုံး ရာဟုပါမကျန် စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာကြပါစေ ခင်ဗျာ။ဇွဲနိုင်ဝင်း (၂၂.၄.၂ဝ၂၂)”ဆိုတဲ့စာလေးနဲ့ ဖော်ပြခဲ့တာပါ။

ပြန်လည်ရှာဖွေရန်ခက်ခဲလွန်းလှတဲ့ ပြည်သူ့အချစ်တော် မင်းသားကြီး​ဒွေးရဲ့အမှတ်တရတွေကို တင်လာခဲ့​တာကြောင့် ဒွေးရဲ့ပရိသတ်တွေသဘောကျနှစ်သက်ကြမှာအမှန်ပါပဲနော်။ CeleGabarပရိသတ်တွေလည်း​ဇွဲနိုင်ဝင်းတင်ထားတဲ့ကိုသားကြီးရဲ့အမှတ်တရတွေကိုသဘောကျတယ်ဆိုရက်မှတ်ချက်ပေးခဲ့ပါဦးနော်။


Koe-CeleGabar
Soure -zwe naing win
ZawgyiFontဖြင့်ဖတ်ရန်





Koe-CeleGabar
Soure -zwe naing win