Delivery လုပ်ကာ ဝမ်းရေးဖြေရှင်နေရပေမဲ့ စက်ဘီးအခိုးခံလိုက်ရတာကြောင့် အခက်အခဲဖြစ်နေတဲ့ အဖိုးကိုကူညီခဲ့တဲ့ မိုးစက်

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ လူရွှင်တော်မိုးစက်တစ်ယောက်ကူညီထောက်ပံ့ပေးခဲ့ဖူးတဲ့ အဖိုးအဖွားတွေထဲက အသက် (၆၀)အရွယ် Delivery ပို့ကာ ဝမ်းရေးခက်ခဲစွာဖြေရှင်းနေတဲ့ အဖိုးကို မှတ်မိကြမယ်ထင်ပါတယ်နော်။ဒီနေ့မှာလည်း အဖိုးကို မိုးစက်ကထပ်မံတွေ့ဆုံလှူဒါန်းထောက်ပံ့ခဲ့ပါတယ်။

အဖိုးကတော့ Delivery ပို့ဆောင်ရာမှာ အဓိကလိုအပ်တဲ့ အဖိုးရဲ့ စက်ဘီးလေးအခိုးခံလိုက်ရတာကြောင့် အခက်အခဲအကြီးကြီးနဲ့ကြုံတွေ့နေရတာကို ကြားသိရတဲ့အတွက် မိုးစက်က အဖိုးထံကို ကိုယ်တိုင်သွားရောက်ခဲ့ပြီး လိုအပ်နေတဲ့စက်ဘီးလေးကို သွားပေးခဲ့တာပဲဖြစ်ပါတယ်။ စက်ဘီးအသစ်လေးကတော့ တန်ဖိုးငွေ (၂)သိန်းတန်ဖိုးရှိပြီး ပြိုင်ဘီးလေးဖြစ်တာကြောင့် အဖိုး Delivery ပို့ဆောင်ရာမှာ အဆင်ပြေပြေဖြစ်နေမှာတော့ အသေအချာပါပဲ။

အဖိုးကလည်း စက်ဘီးလေးပြန်လည်ရရှိခဲ့တဲ့ အတွက် အလုပ်တွေကို ပြန်လည်လုပ်ကိုင်နိုင်ပြီဖြစ်တဲ့ အတွက် ဝမ်းသာပီတိဖြစ်နေခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ တကယ်ကို မွန်မြတ်လှတဲ့အလှူရှင်တွေရော မိုးစက်ရောအတွက် ပရိသတ်တွေသာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Moe Sat
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

Delivery လုပ္ကာ ဝမ္းေရးေျဖရွင္ေနရေပမဲ့ စက္ဘီးအခိုးခံလိုက္ရတာေၾကာင့္ အခက္အခဲျဖစ္ေနတဲ့ အဖိုးကိုကူညီခဲ့တဲ့ မိုးစက္

ပရိသတ္ၾကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ျဖစ္တဲ့ လူရႊင္ေတာ္မိုးစက္တစ္ေယာက္ကူညီေထာက္ပံ့ေပးခဲ့ဖူးတဲ့ အဖိုးအဖြားေတြထဲက အသက္ (၆၀)အရြယ္ Delivery ပို႕ကာ ဝမ္းေရးခက္ခဲစြာေျဖရွင္းေနတဲ့ အဖိုးကို မွတ္မိၾကမယ္ထင္ပါတယ္ေနာ္။ဒီေန႔မွာလည္း အဖိုးကို မိုးစက္ကထပ္မံေတြ႕ဆံုလွဴဒါန္းေထာက္ပံ့ခဲ့ပါတယ္။

အဖိုးကေတာ့ Delivery ပို႕ေဆာင္ရာမွာ အဓိကလိုအပ္တဲ့ အဖိုးရဲ႕ စက္ဘီးေလးအခိုးခံလိုက္ရတာေၾကာင့္ အခက္အခဲအၾကီးၾကီးနဲ႕ၾကံဳေတြ႕ေနရတာကို ၾကားသိရတဲ့အတြက္ မိုးစက္က အဖိုးထံကို ကိုယ္တိုင္သြားေရာက္ခဲ့ျပီး လိုအပ္ေနတဲ့စက္ဘီးေလးကို သြားေပးခဲ့တာပဲျဖစ္ပါတယ္။ စက္ဘီးအသစ္ေလးကေတာ့ တန္ဖိုးေငြ (၂)သိန္းတန္ဖိုးရွိျပီး ျပို္င္ဘီးေလးျဖစ္တာေၾကာင့္ အဖိုး Delivery ပို႕ေဆာင္ရာမွာ အဆင္ေျပေျပျဖစ္ေနမွာေတာ့ အေသအခ်ာပါပဲ။

အဖိုးကလည္း စက္ဘီးေလးျပန္လည္ရရွိခဲ့တဲ့ အတြက္ အလုပ္ေတြကို ျပန္လည္လုပ္ကိုင္နိုင္ျပီျဖစ္တဲ့ အတြက္ ဝမ္းသာပီတိျဖစ္ေနခဲ့ပါေသးတယ္။ CeleGabar ပရိသတ္ၾကီးေရ တကယ္ကို မြန္ျမတ္လွတဲ့အလွဴရွင္ေတြေရာ မိုးစက္ေရာအတြက္ ပရိသတ္ေတြသာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Source – Moe Sat
Chilli – CeleGabar