ပရိသတ်တွေရဲ့ သဘောကျ ပြောင်းလဲမှုကြီးတစ်ခုကို ပြုလုပ်ခဲ့တဲ့ ပိုင်တံခွန်

Posted on

ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ နိုင်ငံတကာက ပရိသတ်တွေရဲ့ တခဲနက်အားပေးခြင်းကို ရရှိပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်းမော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။

အောင်မြင်မှုတွေများစွာရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပေမဲ့ အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုသံတွေကို ဂရုတစိုက်နဲ့နားထောင်ပြီး အကြံပြုချက်တွေကို အလေးအနက်ထားတဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကပိုလို့တောင် အချစ်ပိုနေခဲ့ကြရပါသေးတယ်။ လတ်တလောမှာလည်း ပိုင်တံခွန်က နှုတ်ခမ်းမွှေးလေးထားထားပြီး ပရိသတ်တွေကတော့ အရင်ပုံစံလေးကို ပိုသဘောကျကြောင်း မှတ်ချက်ပေးခဲ့တာတွေရှိနေခဲ့ပါတယ်။

ပိုင်တံခွန်ကတော့ ပရိသတ်တွေရဲ့ ဆန္ဒကို အမြဲလိုလို အလေးထားတာကြောင့် ပရိသတ်တွေရဲ့ သဘောကျ နှုတ်ခမ်းမွှေးလေးကို ရိတ်ပြီး အရင်ပုံစံလေးပြန်ဖြစ်သွားတာလေးကို ဗီဒီယိုလေးနဲ့ မျှဝေခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးတွေထဲက ပိုင်တံခွန်ရဲ့ ပရိသတ်တွေအတွက် အရင်လို အပြုံးတွေပြန်လည်လတ်ဆတ်လာတဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကို မျှဝေလိုက်ပါတယ်နော်။

Source – Paing Takhon
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Paing Takhon
Chilli – CeleGabar