စက်စက်ယိုရွာလေးမှာ ဝါဆိုသင်္ကန်းကပ် အလှူလုပ်ခဲ့တဲ့ တိုင်ရွန်

တိုင်ရွန်ကတော့ အမိုက်စားတက်တူးတွေအပြည့်နဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့မင်းသားတစ်လက်ပါ။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် အချိန်တိုအတွင်းမှာ ပရိသတ်အသိမှတ်ပြုအားပေးခြင်းရရှိပြီး အောင်မြင်လာတဲ့မင်းသားတစ်လက်ဆိုရင်လည်း မမှားပါဘူး။

 သူကတော့ သူ့ရဲ့နေ့စဉ်အကြောင်းအရာတွေကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေလေ့ရှိသူပါ။ ဒီတစ်ခေါက်မှာတော့ ပုဂံညောင်ဦးမြို့နယ်အတွင်းက စက်စက်ယိုကျေးရွာလေးမှာ ဝါဆိုသင်္ကန်းကပ်အလှူတော်ပြုလုပ်ပေးခဲ့ကြောင်း သူ့ရဲ့အလှူလေးကို ဖော်ပြခဲ့ပါတယ်။ စက်စက်ယိုကျေးရွာက ဆရာတော်ဆီမှာ ဝါဆိုသင်္ကန်းကပ်၊ နဝကမ္မအလှူငွေလှူဒါန်းခဲ့တဲ့အပြင် သျှောင်ပေစူးကလေးလေးတွေကိုလည်း မုန့်ဖိုးဝေရင်း ပျော်စရာအချိန်တွေကို ဖန်တီးခဲ့ပါတယ်။

စက်စက်ယိုရွာလေးကတော့ တစ်ရွာလုံးမှာရှိတဲ့ကလေးငယ်တိုင်း ချစ်စရာသျှောင်ပေစူးထားတဲ့ဓလေ့လေးကို မြင်တွေ့ရတာကြောင့် လူမှုကွန်ရက်စာမျက်နှာလည်း နာမည်ကြီးတဲ့ရွာလေးတစ်ရွာပါ။ တိုင်ရွန်ကတော့ ဒီရွာလေးနဲ့ပတ်သက်ပြီးတော့လည်း ” မြန်မာ့ရိုးရာချစ်ဖွယ်ဓလေ့လေးများကို အမြတ်တနိုး ထိန်းသိမ်းထားသော ချစ်စရာရွာလေးတစ်ရွာ” ဆိုပြီးတော့လည်း ညွှန်းဆိုခဲ့ပါတယ်။ ပရိသတ်ကြီးရေ မြန်မာတို့ရဲ့ လမြတ်ဝါဆိုအခါသမယမှာ ဝါဆိုသင်္ကန်းကပ်လှူပေးခဲ့တဲ့တိုင်ရွန်ရဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ကြပါဦး။


Source – Tyron Bejay
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x