CeleGabarပရိသတ်ကြီးရေ သရုပ်ဆောင်မိုင်းမိုင် ဆိုတာနဲ့ အဆိုတော်ယုဇနရဲ့သီတင်းကျွတ်ညလေးတစ်ညအပြင် Blueberry အဖွဲ့ရဲ့မမေးပါနဲ့ သီချင်းကို တွဲမြင်မိကြမှာအမှန်ပါပဲနော်။ VCD၊DVDတေးစီးရီးခေတ်တွေထဲက တေးသီချင်းတွေများစွာမှာနေရာယူလာတဲ့ သရုပ်ဆောင်မိုင်းမိုင်ကတော့အနုပညာလောကကနေရပ်နားခဲ့တာကြာပေမယ့် ပရိသတ်တွေအမှတ်ရနေဆဲပဲ ဖြစ်ပါတယ်။
ဒီနေ့ကျရောက်တဲ့ ဧပြီလ၂၄ရက်နေ့မှာတော့သရုပ်ဆောင်မိုင်းမိုင်ဟာ အိပ်နေရင်းနဲ့ကွယ်လွန်ခဲ့တာပဲ ဖြစ်ပါတယ်။သရုပ်ဆောင်မိုင်းမိုင်ရဲ့နာရေးသတင်းကို ”ကိုယ်မျက်စိရှေ့မှာကြီးလာတဲ့ကလေး ထွက်သွားတာစောလွန်းတယ်မိုင်းမိုင်ရေ 😭 ကိုယ်တွေအနုပညာရူးနေတဲ့အချိန် သူက ” သီတင်းကျွတ်ညလေးတစ်ည ” မှာ မော်ဒယ်အဖြစ်မြင်ရတော့ ဂုဏ်ယူလို့မဆုံးခဲ့ဘူး .. Jajaroiaung Alice ပွတ်ချာရေ .. ငါစိတ်မကောင်းလိုက်တာ … Rest In Peace မိုင်းမိုင်ရေ 😭 အမြဲသတိရနေမယ်နော်”ဆိုတဲ့စာလေးနဲ့အဆိုတော် Ar-Tကလည်း ဝမ်းနည်းကြောင်းတင်လာခဲ့တာပါ။
သရုပ်ဆောင်မိုင်းမိုင်ရဲ့ ကွယ်လွန်မှုကို CeleGabarပရိသတ်တွေသိရှိအောင်တင်ပေးလိုက်ပါတယ်။CeleGabarပရိသတ်ထဲမှာရောသရုပ်ဆောင်မိုင်းမိုင်ရဲ့ ပရိသတ်တွေရှိရင် မိသားစုနဲ့ထပ်တူဝမ်းနည်းကြောင်းမှတ်ချက်လေးတွေပေးခဲ့ကြပါဦးနော်။
Koe-CeleGabar
Source -ThihaTun
-Zawgyi Font ဖြင့် ဖတ်ရန်-
” ဧပြီလ၂၄ရက်နေ့မှာ အိပ်နေရင်းကွယ်လွန်ခဲ့တဲ့ သရုပ်ဆောင်မိုင်းမိုင်”
Koe-CeleGabar
Source -ThihaTun