မိဘနှစ်ပါးရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးအတွက် ဆုတောင်းစကားဆိုခဲ့တဲ့ စိုးပြည့်သဇင်

Posted on

ပရိသတ်ကြီးရေ စိုးပြည့်သဇင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိပိုင်ဆိုင်ထားခဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ စိုးပြည့်ကတော့ မနေ့က ဧပြီလ (၂၃)ရက်နေ့လေးမှာတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မိဘနှစ်ပါးရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးအတွက် ဆုတောင်းစကားလေးဆိုထားခဲ့ပါတယ်။

စိုးပြည့်ရဲ့ မိဘတွေကတော့ မနေ့က မင်္ဂလာသက်တမ်း (၃၄)နှစ်ပြည့်မြောက်သွားခဲ့တာဖြစ်ပြီး စိုးပြည့်ကတော့ “Happy 34 years anniversary ပါဖေကြီးနဲ့မေကြီး..ခုချိန်ထိအေးတူပူမျှသစ္စာရှိပြီးနွေးထွေးတဲ့မိသားစုလေးမို့တန်ဖိုးထားရပါတယ်…..၃၄နှစ်ပြည့်မှသည်….ရတုအဆက်ဆက်….စိန်ရတုတိုင်ပျော်ရွှင်ချမ်းမြေ့ပါစေ.” ဆိုပြီး ဆုတောင်းထားခဲ့တာပဲဖြစ်ပါတယ်။

မင်္ဂလာနှစ်ပတ်လည် ဆုတောင်းစကားလေးနဲ့အတူ နှစ်ပတ်လည်နေ့ မိဘနှစ်ပါး ကိတ်ခွဲနေတဲ့ ပုံလေးတွေကိုလည်း မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ စိုးပြည့်ရဲ့ မိဘနှစ်ပါးအတွက် မင်္ဂလာနှစ်ပတ်လည်း ဆုတောင်းစကားလေးတွေ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Soe Pyae Thazin
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Soe Pyae Thazin
Chilli – CeleGabar