ပရိသတ်ကြီးရေ စိုးပြည့်သဇင်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။စိုးပြည့်သဇင်ကတော့ လတ်တလော အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေချိန်မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကို ပိုမိုအသုံးပြုပြီး သူ့ရဲ့ ပရိသတ်တွေနဲ့ ဆက်သွယ်နေခဲ့ပါတယ်။
မနေ့ကလည်း စိုးပြည့်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ဖေဖေနဲ့ မေမေရဲ့ ငယ်စဉ်ကပုံလေးတွေကိုချပြပြီး သူကအဖေတူသမီးလား မေမေနဲ့တူတာလားလို့ပရိသတ်တွေကို မေးခွန်းထုတ်ခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း စိုးပြည့်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ထပ်မံပြီးတော့ ပရိသတ်တွေမမြင်ဖူးတဲ့ သူ့ရဲ့ငယ်ဘဝပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။
ကလေးဘဝတော်တော်ငယ်ငယ်အရွယ်ကပုံလေးတွေဖြစ်တာကြောင့် တော်ရုံပရိသတ်တွေမြင်တွေ့ဖူးတဲ့ ပုံတွေမဟုတ်တာတော့ အသေအချာပါပဲနော်။ CeleGabar ပရိသတ်ကြီးတွေထဲက စိုးပြည့်သဇင်ရဲ့ ပရိသတ်တွေအတွက် စိုးပြည့်ရဲ့ငယ်ဘဝပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်နော်။
Source – Soe Pyae Thazin
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-
ပရိသတ်တွေ မမြင်ဖူးသေးတဲ့ ငယ်ဘဝက ပုံလေးတွေကို မျှဝေခဲ့တဲ့ စိုးပြည့်သဇင်
Source – Soe Pyae Thazin
Chilli – CeleGabar