“သူငယ်ချင်းရေမွန်ကိုသတိတရလွမ်းမိတာကြောင့် အတူတူပျော်ခဲ့ဖူးတဲ့အမှတ်တရဗီဒီယိုဖိုင်လေးကိုတင်လာခဲ့တဲ့ မေ”

Posted on

CeleGabar ပရိသတ်ကြီးရေ မေကတော့ မော်ဒယ်လ်သရုပ်ဆောင်အဖြစ် အနုပညာလောကတွင် ရပ်တည်နေသူဖြစ်ပြီး ယောကျာ်းလေးပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်လို့ ဆိုရမှာပါ။မေကတော့ မော်ဒယ် သရုပ်ဆောင်ပိုင်းသာမက အဆိုပိုင်းမှာပါ ကျွမ်းကျင်တဲ့ ပါရမီရှိသူဖြစ်ပြီး ငယ်စဉ်ကတည်း အဆိုပိုင်းကိုဝါသနာပါသူလို့လည်းသိရပါတယ်။


ဒါ့အပြင်မကြာခင်ကကြွေလွင့်ခဲ့တဲ့ ပြည်သူချစ်အဆိုတေယ်ကြီးရေမွန်နဲ့လည်း အရမ်းကိုခင်မင်တဲ့သူငယ်ချင်းတွေပဲ ဖြစ်ပြီး သူမအနေနဲ့ ရေမွန်ကိုသတိရမိကာ အတူတူဖြတ်သန်းခဲ့တဲ့အမှတ်တရပျော်စရာvideoဖိုင်လေးကိုတင်လာခဲ့တာပါ။

“ညတွေဆိုလောင်ပြီ.. အခု မူးပြီး gallery ကို ပြန်ကြည့်တော့ ဒီ video ကိုတွေ့တယ်.. အဲ့နေ့က ကျမတို့ bar မှာ သွားသောက်ကြတယ်.. သွားသောက်တော့ ကျမတို့က သူ့ကို ဆေးထိုးပြီး သီချင်းဆိုခိုင်းတော့ ကျမကို သူကပြန်ဆေးထိုးပြီး သူနဲ့တွဲဆိုဖို့ ခေါ်တယ်.. ကျမ အားကြိုးမာန်တက် ရွီရှောင်ဆိုပြီးမှ.. Video ပြန်ကြည့်တော့ ကျမ ဆိုတဲ့မိုက်က ဟာမိုနီအတွက်ဆိုတော့ အသံက ဘာမှသိပ်မကြားရဘူး.. သူ့ရဲ့ အသံtone ကြီးကို ပိုလိုက်မမှီ.. အဲ့ကြောင့်ကျမ fb ပေါ်မတင်ခဲ့ဘူး.. အခုက အသံက အဓိကမဟုတ်ဘူး..,အမှတ်တရက အဓိကပါ.. ဒါကြောင့်တင်လိုက်တာပါ.. excuse my voice ပါ..”ဆိုတဲ့စာလေးနဲ့ တင်လာခဲ့တာပါ။CeleGabar ပရိသတ်တွေထဲမှာလည်း ရေမွန်ကိုသတိတရလွမ်းမိတဲ့သူတွေရှိရင် မေရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ပီး အလွမ်းပြေကြဖို့တင်ပေးလိုက်ပါတယ်။

Koe-CeleGabar

Soure –  May

ZawgyiFontဖြင့်ဖတ်ရန်
“သူငယ္ခ်င္းေရမြန္ကိုသတိတရလြမ္းမိတာေၾကာင့္ အတူတူေပ်ာ္ခဲ့ဖူးတဲ့အမွတ္တရဗီဒီယိုဖိုင္ေလးကိုတင္လာခဲ့တဲ့ ေမ”

CeleGabar ပရိသတ္ႀကီးေရ ေမကေတာ့ ေမာ္ဒယ္လ္သ႐ုပ္ေဆာင္အျဖစ္ အႏုပညာေလာကတြင္ ရပ္တည္ေနသူျဖစ္ၿပီး ေယာက်ာ္းေလးပရိသတ္အခိုင္အမာရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္လို႔ ဆိုရမွာပါ။ေမကေတာ့ ေမာ္ဒယ္ သ႐ုပ္ေဆာင္ပိုင္းသာမက အဆိုပိုင္းမွာပါ ကြၽမ္းက်င္တဲ့ ပါရမီရွိသူျဖစ္ၿပီး ငယ္စဥ္ကတည္း အဆိုပိုင္းကိုဝါသနာပါသူလို႔လည္းသိရပါတယ္။


ဒါ့အျပင္မၾကာခင္ကေႂကြလြင့္ခဲ့တဲ့ ျပည္သူခ်စ္အဆိုေတယ္ႀကီးေရမြန္နဲ႔လည္း အရမ္းကိုခင္မင္တဲ့သူငယ္ခ်င္းေတြပဲ ျဖစ္ၿပီး သူမအေနနဲ႔ ေရမြန္ကိုသတိရမိကာ အတူတူျဖတ္သန္းခဲ့တဲ့အမွတ္တရေပ်ာ္စရာvideoဖိုင္ေလးကိုတင္လာခဲ့တာပါ။

“ညေတြဆိုေလာင္ၿပီ.. အခု မူးၿပီး gallery ကို ျပန္ၾကည့္ေတာ့ ဒီ video ကိုေတြ႕တယ္.. အဲ့ေန႔က က်မတို႔ bar မွာ သြားေသာက္ၾကတယ္.. သြားေသာက္ေတာ့ က်မတို႔က သူ႔ကို ေဆးထိုးၿပီး သီခ်င္းဆိုခိုင္းေတာ့ က်မကို သူကျပန္ေဆးထိုးၿပီး သူနဲ႔တြဲဆိုဖို႔ ေခၚတယ္.. က်မ အားႀကိဳးမာန္တက္ ႐ြီေရွာင္ဆိုၿပီးမွ.. Video ျပန္ၾကည့္ေတာ့ က်မ ဆိုတဲ့မိုက္က ဟာမိုနီအတြက္ဆိုေတာ့ အသံက ဘာမွသိပ္မၾကားရဘူး.. သူ႔ရဲ႕ အသံtone ႀကီးကို ပိုလိုက္မမွီ.. အဲ့ေၾကာင့္က်မ fb ေပၚမတင္ခဲ့ဘူး.. အခုက အသံက အဓိကမဟုတ္ဘူး..,အမွတ္တရက အဓိကပါ.. ဒါေၾကာင့္တင္လိုက္တာပါ.. excuse my voice ပါ..”ဆိုတဲ့စာေလးနဲ႔ တင္လာခဲ့တာပါ။CeleGabar ပရိသတ္ေတြထဲမွာလည္း ေရမြန္ကိုသတိတရလြမ္းမိတဲ့သူေတြရွိရင္ ေမရဲ႕ဗီဒီယိုဖိုင္ေလးကိုၾကည့္ပီး အလြမ္းေျပၾကဖို႔တင္ေပးလိုက္ပါတယ္။

Koe-CeleGabar
Soure – May