CeleGabarပရိသတ်ကြီးရေ ခပ်မိုက်မိုက်စတိုင်နဲ့ ခပ်ဟော့ဟော့ ပုံစံလေးကို ချစ်တဲ့ အမျိုးသားတွေနဲ့ ခေတ်ဆန်တဲ့မမ ကိုမှ ရင်ခုန်ချင်တဲ့ အမျိုးသား တွေ ကြားမှာ သင်ဇာကတော့အရမ်းကိုရေပန်းစားသူပဲ ဖြစ်ပါတယ်။ပုံအသစ် တင်လိုက်ပြီဆိုတာနဲ့ ဟင်ခနဲဟာခနဲ ဖြစ်အောင် ပုရိသတွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ရရှိထားတဲ့ မင်းသမီးတစ်လက်ပါ။
သူမဟာလူမှု ကွန်ရက်စာမျက်နှာ မှာတင် မဟုတ်ဘဲ Instagram မှာလည်း အမျိုးသား Follower တွေ အခိုင်အမာရရှိထားတဲ့ သူပဲ ဖြစ်ပါတယ်။ ဒါ့အပြင်အလှူအတန်ကလည်းရက်ရောကာမကြာခဏအလှူအတန်းတွေပြုလုပ်လျက်ရှိပြီး ဘာသာရေးကိုလည်း တစ်စိုက်မတ်မတ်ပြုလုပ်တတ်တဲ့မင်းသမီးတစ်ယောက်ပါ။
လက်ရှိမှာတော့သူမအကောင့်ကိုhack နေတဲ့သူကို ”Account hack နေတဲ့သူလဲ ငါ့ချစ်သူလိုပဲနော် 😌မနက်တခါညတခါ reset code တွေပို့ရတာ သူမမောဘူးလားမသိဘူး 😅mail ကိုပို့လိုက် ph message ကိုပို့လိုက်နဲ့ 🙂ခုဆိုနေ့တိုင်းနီးပါးပို့တာ ၂ လနီးပါးတောင်ရှိတော့မယ် ၂လပြည့် anniversary တောင်လုပ်ရင်ကောင်းမလားပဲ🤣သူမပို့တဲ့ရက်တွေဆိုရင်ကိုယ့်မှာမျှော်နေမိတယ် ပို့မလာသေးပါလားလို့ 🤭သံယောဇဉ်တောင်တွယ်နေမိပြီထင်တယ် 🤫🙄ဒီရက်ပိုင်း ခနခန ပို့လာတာဆိုတော့ နင်ရောငါ့ကိုလွမ်းနေလို့လားဟင် 🥴🥴🥴”ဆိုတဲ့စာလေးနဲ့ ပြောပြလာခဲ့တာပါ။ CeleGabarပရိသတ်တွေလည်း Hackerရဲ့ဒုက္ခပေးတာ ခံနေရတဲ့ သင်ဇာအတွက်အားပေးစကားပြောခဲ့ပါဦးနော်။
Koe-CeleGabar
Soure – ThinzarWintKyaw
ZawgyiFontဖြင့်ဖတ်ရန်
” Hackerက နေ့တိုင်းနီးပါး ကုတ်တွေနေ့စဉ်ပို့ကာ သူမအကောင့်ကိုhackနေတာ ၂လနီးပါးရှိနေပြီဖြစ်ကြောင်း ပြောပြလာတဲ့ သင်ဇာဝင့်ကျော်”
Koe-CeleGabar