မိခင်ကြီးအတွက် ရည်စူးပြီး ကောင်းမှုတွေပြုလုပ်ခဲ့တဲ့ တက္ကသိုလ်ဂွမ်းပုံ

Posted on

ပရိသတ်ကြီးရေ တက္ကသိုလ်ဂွမ်းပုံကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ တက္ကသိုလ်ဂွမ်းပုံကတော့ ဧပြီလ (၂၄)ရက်နေ့မှာ မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေခဲ့ပါတယ်။

အလှူလေးကိုတော့ မိခင်ကြီးအတွက်ရည်းစူးပြုလုပ်တာဖြစ်ပြီး တက္ကသိုလ်ဂွမ်းပုံကတော့ “အနန္တောအနန္တငါးပါးနှင့်ကွယ်လွန်သူဖိုးဖိုးဖွားဖွား..မိခင်ကြီးဒေါ်ရင်သန်းအားရည်စူး၍.ဆရာလေးသိဒ္ဓိထေရီ..ဆွမ်းစားဆောင်အတွက်.ငွေကျပ်တစ်သိန်းလှူဒါန်းခဲ့ပါသည်။” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အလှူလေးပြုလုပ်ခဲ့တဲ့ ပုံလေးတွေနဲ့အတူ မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။

အလှူလေးရဲ့ ကောင်းမှုတွေကိုလည်း ချစ်ရတဲ့ သူ့ရဲ့ပရိသတ်တွေ ထပ်တူရရှိစေဖို့လည်း “ကုသိုလ်ထပ်တူရရှိကြပါစေသော်” ဆိုပြီး ပေးဝေထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း တက္ကသိုလ်ဂွမ်းပုံရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို သာဓုတွေခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – တက္ကသိုလ်ဂွမ်းပုံ
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar