သွက်သွက်လက်လက်နဲ့ချစ်စရာကောင်းတဲ့ တက်သစ်စမင်းသမီးချောလေးမေတိုးခိုင်ကိုတော့ နာမည်ကြီးမင်းသမီးအိန္ဒြာကျော်ဇင်ရဲ့တူမလေးအဖြစ် ပရိသတ်တွေသတိထားမိကြတာပါ။ အကယ်ဒမီရွှေကြိုအဖြစ်ကနေ အခုဆိုရင် ကြော်ငြာတွေမှာသာမက ရုပ်ရှင်တွေမှာပါမြင်တွေ့လာရတဲ့ မင်းသမီးတစ်လက်ဖြစ်လာတာလည်း ဖြစ်ပါတယ်။
မေတိုးခိုင်ကိုတော့ “ရူးအောင်ချစ်မယ့်လူ” ဆိုတဲ့ဇာတ်ကားကြီးမှာ အဓိကဇာတ်ဆောင်အဖြစ်မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေကြိုက်နှစ်သက်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်လာတဲ့ တက်သစ်စအနုပညာရှင်တစ်ယောက်အနေနဲ့လည်း သိကြမှာပါ။ မေတိုးခိုင်ကတော့ သူ့ရဲ့ပန်းချီဆွဲတဲ့အနုပညာအရည်အချင်းကို ပရိသတ်တွေကိုထုတ်ပြလာတာပါ။
သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဒီနေ့ဆွဲခဲ့တဲ့ ပန်းချီလေးအကြောင်း ‘Ecstacy’ လို့ နာမည်ပေးလိုက်တယ်” ဆိုပြီးတော့ သူ့ရဲ့ပန်းချီလက်ရာလေးကိုထုတ်ပြလာခဲ့ပါတယ်။ မေတိုးခိုင်ကတော့ အခုလိုအနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တဲ့ရက်တွေမှာလည်း ပန်းချီပညာရပ်ကိုလေ့လာနေတဲ့ပုံပါပဲနော်။ မေတိုးခိုင်ရဲ့ပန်းချီလက်ရာလေးကို သဘောကျရဲ့လား ပရိသတ်ကြီးရေ…
Source : MayToeKhine