ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ပရဟိတမင်းသမီးကြီးခိုင်နှင်းဝေကတော့ ဒီနေ့မှာလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဂေဟာက ကလေးတွေရဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုလေးတစ်ခုကို မျှဝေလာခဲ့ပါတယ်။ ခိုင်နှင်းဝေကတော့ ကလေးတွေကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ဗီဒီယိုလေးတွေကို အမြဲလိုလို မျှဝေနေကြပါ။
ဒီရက်ပိုင်းမှာလည်း ကလေးတွေရဲ့ အဖွဲ့လိုက်မတူညီကြတဲ့ ကွဲပြားမှုလေးတွေကို ဗီဒီယိုလေးရိုက်ကာ ပရိသတ်တွေအတွက် မျှဝေပေးနေခဲ့ပြီး ဒီနေ့ဗီဒီယိုလေးကလည်း အစားကို အပြီအပြင်စားကြတဲ့ အစားပုတ်လေးတွေအကြောင်း မျှဝေထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဗီဒီယိုလေးကိုလည်း “အပီဆွဲတဲ့ အဖွဲ့.”ဆိုပြီး မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။
ပရိသတ်တွေကလည်း ကလေးတွေ အစားကိုကောင်းကောင်းစားနေတဲ့ဗီဒီယိုလေးကိုကြည့်ပြီး သဘောတွေကျနေခဲ့ကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေထဲက ခိုင်နှင်းဝေရဲ့ ကလေးတွေကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ချစ်စရာကောင်းလှတဲ့ ဒီဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source – Khine Hnin Wai
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-
ထမင်းကို အားရပါးရစားနေတဲ့ ကလေးတွေကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေ
Source – Khine Hnin Wai
Chilli – CeleGabar