မွေးနေ့ကုသိုလ်အဖြစ် ကိုသားကြီး (ဒွေး)ကို ရည်စူးကာ အဟာရဒါနအလှူလေးပြုလုပ်ခဲ့တဲ့ အရှင်ဇောတိက တဖြစ်လဲ သရုပ်ဆောင် ဇွဲနိုင်ဝင်း

Posted on

ပရိသတ်ကြီးရေ သရုပ်ဆောင် ဇွဲနိုင်ဝင်းကတော့ အရှင်ဇောတိက ဘွဲနဲ့ သာသနာ့ဘောင်ကို ဝင်ရောက်ကာ တရားဓမ္မနဲ့အေးချမ်းစွာဘဝကိုဖြတ်သန်းနေခဲ့ပါတယ်။ ဒီနေ့မှာတော့ အရှင်ဇောတိက တဖြစ်လဲ သရုပ်ဆောင် ဇွဲနိုင်ဝင်းကတော့ မွေးနေ့ကုသိုလ်အနေနဲ့ မွန်မြတ်လှတဲ့ အဟာရဒါနအလှူလေးကို ပြုလုပ်ခဲ့ပါတယ်။

မွေးနေ့ကောင်းမှုအဖြစ်နဲ့ လှည်းကူးမြို့ ရတနာအောင်မြေ ကျောင်းတိုက်တွင် မိဘများကို အမှူးထား၍ ကိုသားကြီး (ဒွေး)အတွက် ရည်စူးကာ ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒဂုံဆိပ်ကမ်းမြို့နယ်၊(၉၄)ရပ်ကွက်၊စိန်ပန်းလမ်းမှာနေထိုင်ကြတဲ့ သူတွေအတွက် ကြက်သားကြာဇံကြော်၊ကြက်ဥပြုတ်နဲ့ ကော်ဖီမစ်တွေကိုလည်း လှူဒါန်းပေးခဲ့ပါတယ်။

အခုလို လှူဒါန်းရတဲ့ မွေးနေ့အလှူလေးရဲ့ အဖို့ဘာဂတွေကြောင့် ကိုသားကြီးလည်း ကောင်းမှုတွေကို ထပ်တူရရှိစေပြီး အရှင် ဇောတိခ(ခ)ဇွဲနိုင်ဝင်းလည်း ဘာသာ သာသနာအကျိုးကို ဒီထက်မက သယ်ပိုးနိုင်ပါစေလို့ CeleGabar ကနေ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း မွေးနေ့ဆုတောင်းလေးတွေတောင်းပေးခဲ့ကြပါဦးနော်။

Source – Zwe Naing Win
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

ေမြးေန႔ကုသိုလ္အျဖစ္ ကိုသားႀကီး (ေဒြး)ကို ရည္စူးကာ အဟာရဒါနအလႉေလးျပဳလုပ္ခဲ့တဲ့ အရွင္ေဇာတိက တျဖစ္လဲ သ႐ုပ္ေဆာင္ ဇြဲႏိုင္ဝင္း

ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ ဇြဲႏိုင္ဝင္းကေတာ့ အရွင္ေဇာတိက ဘြဲနဲ႔ သာသနာ့ေဘာင္ကို ဝင္ေရာက္ကာ တရားဓမၼနဲ႔ေအးခ်မ္းစြာဘဝကိုျဖတ္သန္းေနခဲ့ပါတယ္။ ဒီေန႔မွာေတာ့ အရွင္ေဇာတိက တျဖစ္လဲ သ႐ုပ္ေဆာင္ ဇြဲႏိုင္ဝင္းကေတာ့ ေမြးေန႔ကုသိုလ္အေနနဲ႔ မြန္ျမတ္လွတဲ့ အဟာရဒါနအလႉေလးကို ျပဳလုပ္ခဲ့ပါတယ္။

ေမြးေန႔ေကာင္းမႈအျဖစ္နဲ႔ လွည္းကူးၿမိဳ႕ ရတနာေအာင္ေျမ ေက်ာင္းတိုက္တြင္ မိဘမ်ားကို အမႉးထား၍ ကိုသားႀကီး (ေဒြး)အတြက္ ရည္စူးကာ ဆြမ္းဆပ္ကပ္လႉဒါန္းခဲ့တာပဲျဖစ္ပါတယ္။ ဒါ့အျပင္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊(၉၄)ရပ္ကြက္၊စိန္ပန္းလမ္းမွာေနထိုင္ၾကတဲ့ သူေတြအတြက္ ၾကက္သားၾကာဇံေၾကာ္၊ၾကက္ဥျပဳတ္နဲ႔ ေကာ္ဖီမစ္ေတြကိုလည္း လႉဒါန္းေပးခဲ့ပါတယ္။

အခုလို လႉဒါန္းရတဲ့ ေမြးေန႔အလႉေလးရဲ႕ အဖို႔ဘာဂေတြေၾကာင့္ ကိုသားႀကီးလည္း ေကာင္းမႈေတြကို ထပ္တူရရွိေစၿပီး အရွင္ ေဇာတိခ(ခ)ဇြဲႏိုင္ဝင္းလည္း ဘာသာ သာသနာအက်ိဳးကို ဒီထက္မက သယ္ပိုးႏိုင္ပါေစလို႔ CeleGabar ကေန ေမြးေန႔ဆုေတာင္းေပးလိုက္ပါတယ္။ CeleGabar ပရိသတ္ႀကီးေတြလည္း ေမြးေန႔ဆုေတာင္းေလးေတြေတာင္းေပးခဲ့ၾကပါဦးေနာ္။

Source – Zwe Naing Win
Chilli – CeleGabar