သူနဲ့ သူ့ရဲ့သားတွေသမီးတွေရဲ့ မနက်ခင်းမှာ ကောင်းမှုတွေပြုလုပ်ပြီးဖြတ်သန်းခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ခိုင်နှင်းဝေကတော့ သူ့ရဲ့ချစ်စရာကောင်းလှတဲ့ ကလေးတွေကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကလေးတွေရဲ့ ဗီဒီယိုလေးကို အမြဲလိုလို မျှဝေပေးနေခဲ့ပါတယ်။ ကလေးတွေက အရွယ်ရောက်လာတာနဲ့အမျှ ပိုပြီးချစ်စရာကောင်းလာကြတာကြောင့် ပရိသတ်တွေက အချစ်ပိုနေခဲ့ကြရပါသေးတယ်။

ဒီနေ့မှာလည်း ခိုင်နှင်းဝေက ကလေးတွေရဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုလေးတစ်ခုကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ်။ ဗီဒီယိုလေးကတော့ သူ့ရဲ့ မနက်ခင်းမှာပြုလုပ်ခဲ့တဲ့ ကုသိုလ်လေးနဲ့အတူ ကလေးတွေလည်း ဂေဟာမှာမနက်ခင်တိုင်း ဘုရားရှစ်ခိုးကြတဲ့ ကုသိုလ်ယူကြတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ဒီဗီဒီယိုလေးကိုကြည့်ပြီး သဘောတွေကျနေခဲ့ရတဲ့ ဗီဒီယိုလေးတစ်ခုဖြစ်နေခဲ့တာမို့ CeleGabar ပရိသတ်ကြီးတွေလည်း ကြည့်ရှု့လို့ရအောင် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ CeleGabarပရိသတ်ကြီးတွေလည်း ကြည့်ရှု့ပြီးရင် မှတ်ချက်လေးတွေပေးခဲ့ကြပါဦးနော်။

Source – Khine Hnin Wai
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Khine Hnin Wai
Chilli – CeleGabar