” ငယ်စဥ်ကတည်းကအားပေးခဲ့ရကာအခုချိန်ထိနုပျိုနေဆဲဖြစ်တဲ့ဂန္တဝင်နဲ့တွေ့ဆုံခဲ့တဲ့အမှတ်တရပုံရိပ်လေးကိုတင်လာခဲ့တဲ့ နန်းသူဇာ”
Posted on
CeleGabar ပရိသတ်ကြီးရေ နန်းသူဇာကတော့ မော်ဒယ်သရုပ်ဆောင်အဆိုတော်တစ်ဦးဖြစ်ပြီး နိုင်ငံခြားသူဆန်ဆန်မျက်နှာပေါက်လေးကိုပိုင်ဆိုင်ထားသူလေးပါ။ ဘိုမရုပ်လေးလိုချစ်စရာကောင်းရုံသာမက အသံချိုချိုအေးအေးလေးနဲ့ သီချင်းတွေကို သီဆိုနိုင်တဲ့သူဖြစ်ပြီး သူမရဲ့သီချင်းတွေကို ပရိသတ်တွေက အထူးအားပေးနှစ်ခြိုက်ကြတာပါပဲနော်။
သူမရဲ့အချစ်ရေးကတော့ ပြည်သူ့အချစ်တော် အဆိုတော် ကျော်ထွဋ်ဆွေနဲ့ လက်တွဲတွေခိုင်မြဲလာတာချစ်သူသက်တမ်း (၁၁)နှစ်ကျော်ခဲ့ပြီပဲ ဖြစ်ပါတယ်။ပရိသတ်တွေ သဘောကျအားပေးရတဲ့ Idol အနုပညာရှင်စုံတွဲတွေထဲက တစ်တွဲအပါဝင်ပါနော်။ဒါ့အပြင်သူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်ပါးပါး နေထိုင်လေ့ရှိတဲ့မင်းသမီးလေးတစ်လက်ပါပဲနော်။
ဒီနေ့မှာတော့သူမရဲ့လူမှုကွန်ရက်စာမျက်နှာmy dayမှာ နိုင်ငံကျော်မင်းသမီးဂန္တဝင်နဲ့ တွေ့ဆုံခဲ့တဲ့အမှတ်တရပုံရိပ်လေးကို”အခုထိငယ်ငယ်ကအတိုင်းလေးပဲ”ဆိုတဲ့စာလေးနဲ့ နုပျိုနေဆဲဖြစ်တဲ့ဂန္တဝင်ရဲ့အလှကိုချီးကျူးကာ တင်လာခဲ့တာပါ။CeleGabarပရိသတ်တွေလည်း နုပျိုလှပတဲ့အလှကိုပိူင်ဆိုင်ထားတဲ့ ဂန္တဝင်နဲ့နန်းသူဇာတို့ရဲ့နှစ်ယောက်တွဲပုံလေးကိုကြည့်ရှူနိုင်အောင်တင်ပေးလိုက်ပါတယ်နော်။
Koe-CeleGabar
Soure :NanThuzar
ZawgyiFontဖြင့်ဖတ်ရန်
Koe-CeleGabar
Soure :NanThuzar