CeleGabar ပရိတ်သတ်ကြီးရေ သဇင်ထူးမြင့် ကတော့ (၂၀၁၈) အကယ်ဒမီရွှေကြိုကနေ ပရိသတ်တွေ စတင်သတိထားမိလာတာ ဖြစ်တဲ့အပြင် ဒါရိုက်တာလဲဖြစ် ဟာသဇာတ်ပို့သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ ခင်လှိုင်ရဲ့ အထွေးဆုံးသမီးလေးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အေးဆေးတည်ငြိမ်လွန်းတဲ့ သူမရဲ့ဟန်ပန်လေးကြောင့် အမျိုးသားထုကြီး ရင်ကိုလှုပ်ခတ်စေခဲ့တဲ့သူပါ။
အမျိုးသားထုကြီးရဲ့အားပေးကြမ်းချက်ကြီးကတော့ ခင်လှိုင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတောင် ယောက္ခမကြီးလို့ အခေါ်ခံရလောက်တဲ့ထိပါပဲနော်။ ရွှေကြိုကနေစတင်ပြီးအနုပညာလောကထဲကိုစတင်ဝင်ရောက်လာပြီး ရုပ်ရှင်ဇာတ်ကားတွေလည်းရိုက်ကူးတဲ့ထိ နေရာတစ်ခုထိရောက်ရှိနေခဲ့တာပါ။
လက်ရှိမှာလည်း အဆိုတော်သရုပ်ဆောင်အုပ်စိုးခန့်နဲ့အတူ ရိုက်ကူးရေးတွေပြုလုပ်ခဲ့ကြောင်းကိုသူမရဲ့My dayမှာ ရှူတင်ရိုက်ကွင်းအမှတ်တရပုံရိပ်တွေကိုတင်လာခဲ့တာပါ။ တက်သစ်စမင်းသားနဲ့မင်းသမီးလေးတို့ရဲ့လိုက်ဖက်ညီကာ ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို CeleGabarပရိသတ်တွေအတွက်တင်ပေးလိုက်ပါတယ်နော်။
Koe- CeleGabar
Source-Thazin Htoo Myint
ZawgyiFont ဖြင့်ဖတ်ရန်
” အုပ်စိုးခန့်နဲ့အတူ ရိုက်ကူးရေးပြုလုပ်ခဲ့ကာ ရှူတင်အမှတ်တရပုံရိပ်လေးတွေကိုတင်လာခဲ့တဲ့ သဇင်ထူးမြင့်”
Koe- CeleGabar