CeleGabarပရိသတ်ကြီးရေ မိုးစက်ကတော့ သက်ကြီးရွယ်အိုတွေ ကိုယ်တိုင်ရှာဖွေစားသောက်နေရကာခက်ခဲနေတဲ့ သူတွေကိုအဓိကထားကာ ကူညီပံ့ပိုးလျက်ရှိတဲ့ အနုပညာရှင်တစ်လက်ပါ။သူ့ရဲ့ကူညီထောက်ပံ့မှုတွေဟာပရိသတ်တွေရင်ထဲကိုရောက်ရှိကာ ကြည်နူးပီတိဖြစ်ကြရတာအမှန်ပါပဲနော်။
လက်ရှိမှာလည်း” လူရွေးမှန်တယ်ဆိုတာ….❤️ကျွန်တော်က အဘွားကို စကားတွေပြောတယ်အဘိုးက ဘေးက နားထောင်နေတယ် ။နားထောင်နေပေမယ့် သူက နားမကြားတဲ့အတွက်ဇဝေဇဝါလေးတွေ ဖြစ်နေတာပေါ့ ။ဖုန်းနဲ့ ဒီဘက်က ရိုက်တာလေးတွေကိုလိုက်ကြည့်ပြီး သူလဲစိတ်ဝင်စားနေရှာတယ်။တကယ်တော့ အဘိုးနဲ့အဘွားက ရာသီပေါ်အသီးအနှံလေးတွေရောင်းပြီးအိမ်ငှါးနေပြီး ဘဝကို ခက်ခဲစွာဖြတ်သန်းနေရသူတွေပေါ့ ။အဘိုး ကျန်းမာစဉ်အချိန်ကာလက အဘွားအပေါ်မှာ မေတ္တာအမှန်တွေပေးခဲ့တဲ့အတွက်အခု အဘိုးနားမကြားတော့အပြင်ကျန်းမာရေးလဲ သိပ်မကောင်းတော့တဲ့အတွက်အဘွားကဘဲ ဝမ်းရေးအတွက်ဦးဆောင်ရုန်းကန်နေရပါတယ် တဲ့ ဒါပေမယ့် …အဘွားဘာရောင်းရောင်းအဘိုးကို စိတ်မချတဲ့အတွက် ဘယ်သွားသွားခေါ်သွားတယ် ။အဘွားစျေးရောင်းနေတဲ့ စျေးဗန်းလေးရဲ့နောက်မှာအဘိုးက အမြဲရှိနေတာပေါ့ဗျာ။
“အဘိုးနဲ့ အဘွား ကိုချစ်လို့ ဒီသဘ်ောသီး အကုန် အားပေးမယ်ဘယ်လောက်ထားမလဲ အဘွား….”“အကုန်လုံး ၈ထောင် ဖိုးလောက်တော့ ရှိလောက်မယ်၇ထောင် ဘဲ ပေးပါ သား…”“ဟုတ်ကဲ့ အဘွား…ရော့ …”ဟယ်…ဒီ ပိုက်ဆံတွေက …”အဘိုးနဲ့ အဘွား သုံးချင်တာ သုံးဖို့တစ်သိန်းကျပ်ပါ …”ကျေးဇူးတင်ပါတယ် သားရယ်….အဘွားတို့တောင် မနက်ဖြန် ရွာခဏပြန်မလို့စားရိတ်လေးတွေ မပူရတော့ဘူးပေါ့ သားရယ်…”အဘွားရဲ့အပြုံးကို မြင်ပြီး အဘိုးကပါ လိုက်ပြုံးနေရှာတယ်။အဘွားရဲ့ မျက်နှာလေးက အဘိုးကိုလှမ်းကြည့်ပြီး ထပ်ပြီး ပြုံးပြတယ် ။သူတို့ရဲ့ သံယောဇဉ် ၊ သူတို့ရဲ့ မေတ္တာတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အဓိပ္ပါယ်တွေပိုနားလည်ကြမှာပါ ။
အခုပြောနေကြတဲ့ ”လူရွေးမှန်တဲ့အခါ..” ဆိုတဲ့စကားဟာ အဘိုးနဲ့အဘွား အတွက် တော့ မှန်နေမှာပါ ။ဒီလှူတန်း မှူလေးဟာ မနေ့က မြောက်ဥက္ကလာ မြို့နယ်မှာ လှူဒါန်းခဲ့တာပါ။ဒီနေ့ဆိုရင် အဘိုးနဲ့အဘွား သူတို့ရဲ့ ကျေးရွာလေးဆီ အပြုံးတွေနဲ့ ပြန်သွားလောက်ပြီပေါ့။ဒီတစ်ခေါက် အဘိုးနဲ့အဘွား ပြန်လာရင်သူတို့ မေတ္တာတရားတွေ ပိုပြီး အသက်ဝင်ဖို့အဘိုးအတွက် နားကြားကိရိယာလေး ဖန်တီးပေးဖို့တော့ စိတ်ကူးထားပါတယ်။ကျွန်တော်နဲ့အတူ ပါဝင်လှူဒါန်းကြသူများကျေးဇူးထာဝရ တင်လျက်ပါခင်ဗျာ။”ဆိုတဲ့စာလေးနဲ့လှူဒါန်းမှုလေးကိုဖော်ပြခဲ့တာပါ။
Koe- CeleGabar
Source- MoeSat
ZawgyiFontဖြင့်ဖတ်ရန်
“နားမကြားတဲ့ခင်ပွန်းသည်နဲ့အတူရာသီပေါ်အသီးအနှံလေးတွေရောင်းကာ ဘဝကိုခက်ခက်ခဲခဲ ဖြတ်သန်းနေတဲ့ အဘွားကို တစ်သိန်းကျပ်လှူဒါန်းခဲ့တဲ့လူရွှင်တော်မိုးစက်”
Koe- CeleGabar
Source- MoeSat