“ဧပြီလ၂၈ရက်နေ့ မနက်၄နာရီမှာ သားဦးလေးကို အောင်မြင်ချောမွေ့ စွာမွေးဖွားနိုင်ခဲ့တယ်ဆိုတဲ့စုစုဝေ”

Posted on

CeleGabarပရိသတ်ကြီးရေ စုစုဝေကတော့ Gym Trainer တစ်ယောက်အနေနဲ့ ပရိသတ်တွေစတင်သတိထားမိခဲ့ပြီးနောက်မှာ ​ဂျာမနီသားတစ်ဦးဖြစ်တဲ့Mikis Weber နဲ့တွဲဖက်ကာ လိုက်ဖက်တဲ့စုံတွဲအဖြစ်ပရိသတ်တွေကလက်ခံခဲ့ကြတာပါ။ တိုက်ခိုက်ပြောဆိုမှုတွေများစွာကြုံတွေ့ခဲ့ရပေမယ့်အခုဆိုရင် သူမအနေနဲ့ ခင်ပွန်းသည်Mikisရဲ့မွေးရပ်မြေသို့လိုက်လံနေထိုင်လျက်ရှိတာပါ။


ဒါ့အပြင် ရင်သွေးလေးကိုလည်း လွယ်ထားရတာဖြစ်ပြီးဒီနေ့ဧပြီလ၂၈ရက်နေ့မှာတော့”သားလေးကို ဒီမနက် 4 နာရီမှာ ချောချောမွေ့မွေ့နဲ့ အောင်မြင်စွာ မွေးဖွားပြီးပါပြီရှင့် 🤱”ဆိုတဲ့စာလေးနဲ့ ချစ်တဲ့ပရိသတ်တွေကိုအသိပေးခဲ့တာပါ။

ယောကျာ်းဖြစ်သူရဲ့မွေးရပ်မြေကိုလိုက်သွားပေမယ့် ယောက္ခမဆွေမျိုးတွေကလိုလေသေးမရှိဂရုစိုက်ခံရတဲ့ စုစုဝေတစ်ယောက် သားဦးလေးကိုလည်းချောမွေ့စွာမွေးဖွးနိုင်ခဲ့တာပါ။ CeleGabarပရိသတ်တွေလည်း ချစ်စရာသားဦးလေးရရှိခဲ့တဲ့Mikis Weberနဲ့စုစုဝေတို့အတွက်ဝမ်းသာစကားနဲ့ဂုဏ်ပြုပေးခဲ့ကြပါဦးနော်။

Koe-CeleGabar
Soure :SuSu Weber
ZawgyiFontဖြင့်ဖတ်ရန်

“ဧပြီလ၂၈ရက်နေ့ မနက်၎နာရီမှာ သားဦးလေးကို အောင်မြင်ချောမွေ့ စွာမွေးဖွားနိုင်ခဲ့တယ်ဆိုတဲ့စုစုဝေ”





Koe-CeleGabar
Soure :SuSu Weber