ခိုကိုးရာမဲ့ဘိုးဘွား(၅၀)ဦးအတွက် လိုအပ်တာတွေ ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့တဲ့ အောင်လေး

Posted on

ပရိသတ်ကြီးရေ အောင်လေးကတော့ သရုပ်ဆောင် မင်းသားတစ်ယောက်အနေနဲ့ အနုပညာလောကမှာရပ်တည်နေပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့ ဧပြီလ (၂၈)ရက်နေ့မှာတော့ အောင်လေးက မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ် ပရိသတ်ကြီးရေ။

အလှူလေးကတော့ ခိုကိုးရာမဲ့ဘိုးဘွား(၅၀)ဦးအတွက် စားသောက်ကုန်တွေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို လှူဒါန်းတဲ့ အလှူလေးပဲဖြစ်ပါတယ်။ အောင်လေးကတော့ အလှူလေးမှာ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါလှူဒါန်းခဲ့ပြီး ရိုးရှင်းကာမွန်မြတ်လှတဲ့ ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အောင်လေးကဒီကုသိုလ်လေးပြုလုပ်ခဲ့ကြောင်းကိုလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

အလှူလေးကနေ ရရှိတဲ့ ကောင်းမှုအဖို့ဘာဂတွေကိုလည်း “ကျွန်တော်ရဲ့ပရိတ်သတ်များအားလုံးကုသိုလ်ထပ်တူရကြပါစေ အားလုံးသောလူသားများလဲသက်ရှည်ကျန်းမာပျော်ရွင်သော ဘဝကိုပိုင်ဆိုင်နိင်ကြပါစေ” ဆိုပြီး ကုသိုလ်တွေကို မျှဝေထားခဲ့တာမို့ ပရိသတ်တွေလည်း ကောင်းမှုတွေထပ်တူရရှိစေဖို့ သာဓုခေါ်ဆိုခဲ့ကြပါဦးနော်။

Source – Aung Lay
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Aung Lay
Chilli – CeleGabar