မိခင်ကြီး(၉)လပြည့်အတွက်ရည်စူးပြီး အဟာရဒါနအလှူလေးပြုလုပ်ခဲ့တဲ့ တင်ဇာမော်

Posted on

ပရိသတ်ကြီးရေ တင်ဇာမော်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ဝါရင့် အဆိုတော်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့ ဧပြီလ (၂၈)မှာတော့ တင်ဇာမော်က သူ့ရဲ့မိခင်ကြီး ကွယ်လွန်ခြင်း (၉)လပြည့်လပတ်လည်အလှူလေးအနေနဲ့ အဟာရဒါနအလှူလေး ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

တင်ဇာမော်ကတော့ မိခင်ကြီး ကွယ်လွန်ခြင်း (၉)လပြည့်လပတ်လည်အလှူလေးအဖြစ် ဝက်ခေါင်း ကြာဇံ ခေါက်ဆွဲသုပ် ပွဲ (၃၀၀) စာ နှင့် ဇီးသံပုရာဖျော်ရည်များကို မနက်စာအဟာရဒါနအလှူလေးအနေနဲ့ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ အလှူလေးကိုတော့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျူးမိသားစုဝင်များအတွက် လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

CeleGabar ပရိသတ်ကြီးရေ တင်ဇာမော်ရဲ့ မိခင်ကြီးကတော့ သမီးဖြစ်သူရဲ့ သိတတ်လိမ္မာမှုကိုကောင်းရာဘုံဘဝကနေ ပီတိဖြစ်သာဓုခေါ်ဆိုနေမှာပါပဲနော်။ CeleGabar ပရိသတ်ကြီးတွေလည်း တင်ဇာမော်ရဲ့ မိခင်ကြီးအတွက် ရည်စူးပြုလုပ်ပေးတဲ့ ကောင်းမှုအလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Tin Zar Maw
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

မိခင္ႀကီး(၉)လျပည့္အတြက္ရည္စူးၿပီး အဟာရဒါနအလႉေလးျပဳလုပ္ခဲ့တဲ့ တင္ဇာေမာ္

ပရိသတ္ႀကီးေရ တင္ဇာေမာ္ကေတာ့ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို ရရွိထားတဲ့ ဝါရင့္ အဆိုေတာ္ႀကီးတစ္ေယာက္ပဲျဖစ္ပါတယ္။ ဒီေန႔ ဧၿပီလ (၂၈)မွာေတာ့ တင္ဇာေမာ္က သူ႔ရဲ႕မိခင္ႀကီး ကြယ္လြန္ျခင္း (၉)လျပည့္လပတ္လည္အလႉေလးအေနနဲ႔ အဟာရဒါနအလႉေလး ျပဳလုပ္ခဲ့တယ္လို႔ သိရွိရပါတယ္။

တင္ဇာေမာ္ကေတာ့ မိခင္ႀကီး ကြယ္လြန္ျခင္း (၉)လျပည့္လပတ္လည္အလႉေလးအျဖစ္ ဝက္ေခါင္း ၾကာဇံ ေခါက္ဆြဲသုပ္ ပြဲ (၃၀၀) စာ ႏွင့္ ဇီးသံပုရာေဖ်ာ္ရည္မ်ားကို မနက္စာအဟာရဒါနအလႉေလးအေနနဲ႔ လႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။ အလႉေလးကိုေတာ့ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ရွိ က်ဴးမိသားစုဝင္မ်ားအတြက္ လွဴဒါန္းေပးခဲ့တာျဖစ္တယ္လို႕လည္း သိရွိရပါတယ္။

CeleGabar ပရိသတ္ၾကီးေရ တင္ဇာေမာ္ရဲ႕ မိခင္ၾကီးကေတာ့ သမီးျဖစ္သူရဲ႕ သိတတ္လိမၼာမႈကိုေကာင္းရာဘံုဘဝကေန ပီတိျဖစ္သာဓုေခၚဆိုေနမွာပါပဲေနာ္။ CeleGabar ပရိသတ္ၾကီးေတြလည္း တင္ဇာေမာ္ရဲ႕ မိခင္ၾကီးအတြက္ ရည္စူးျပဳလုပ္ေပးတဲ့ ေကာင္းမႈအလွဴေလးကို သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Source – Tin Zar Maw
Chilli – CeleGabar